Connect with us

Hi, what are you looking for?

သတင်း

အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာ နှစ်ဦးကို မှောင်ခိုသယ်ဆောင်မှုနဲ့ မြန်မာယာဉ်မောင်းအပါအဝင်သုံးဦးစလုံးထိုင်းရဲဖမ်းဆီး

မြန်မာနိုင်ငံသား ရွှေ့ပြောင်း အခြေချသူ နှစ်ဦးကို မှောင်ခို သယ်ယူပို့ဆောင်ပေးမှုနဲ့ မြန်မာတစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(တရားမဝင် ဝင်​ရောက်မှု၊​မှောင်ခိုလူသယ်​ဆောင်မှုဖြင့်မြန်မာသုံးဦးကို ထိုင်းရဲ​တွေကဖမ်းဆီးစဥ်။ဓါတ်ပုံ-Khaosod)

နိုဝင်ဘာ-၁၆၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံသား ရွှေ့ပြောင်း အခြေချသူ နှစ်ဦးကို မှောင်ခို သယ်ယူပို့ဆောင်ပေးမှုနဲ့ မြန်မာတစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့က အဲဒီအမျိုးသားဟာ ပစ်ကပ်ကားပေါ်မှာမြန်မာနှစ်ဦးကိုတင်ဆောင်လာပြီးမဲဆောက်ကနေချွန်ဘူရီကို ဦးတည်နေချိန် ရဲတွေရဲ့ တားဆီး စစ်ဆေးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။အယုဒ္ဓယပြည်နယ် အဝေးပြေးလမ်း ရဲတပ်ဖွဲ့ဟာ အရမ်းမှောင်တဲ့ နေကာမှန်တွေကပ်ထားတဲ့ပစ်ကပ်ကားက အရှိန်ပြင်းပြင်း မောင်းနှင်သွားတာကို တွေ့ရှိခဲ့ရာက နောက်ကနေ လိုက်သွားပြီး ရပ်တန့်စေခဲ့ပါတယ်။

စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အခါအသက် ၂၉ နှစ်အရွယ်ယာဉ်မောင်းအပြင် ခရီးသည်တွေအဖြစ် အသက် ၂၇ နှစ်အရွယ် မြန်မာ အမျိုးသားတစ်ဦးနဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာ အမျိုးသမီး တစ်ဦးကို တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခရီးသည်နှစ်ယောက်စလုံးဟာပတ်စ်ပို့တ်တွေ၊ ထိုင်းကိုတရားဝင် ဝင်ရောက်လာကြောင်း အထောက်အထားတွေမပြသနိုင်ခဲ့ပါဘူး။

ယာဉ်မောင်းအမျိုးသားက သူဟာ ရွှေ့ပြောင်း အခြေချ မြန်မာနိုင်ငံသားတွေအတွက် တစ်ယောက်ကိုဘတ်၂၀၀၀နှုန်းထားယူပြီး သယ်ယူပို့ဆောင်ပေးနေတာလို့ ဝန်ခံခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံသား ၃ ဦးစလုံးကို ဖမ်းဆီးခဲ့ပြီး ဘန်ကောက်လိုင်စင် တပ်ထားတဲ့ Toyota Hilux ပစ်ကပ်ကားကို သိမ်းဆည်းထားကြောင်း သိရပါတယ်။

ရွှေ့ပြောင်းအခြေချသူ နှစ်ဦးကို ရဲတွေက စစ်ဆေးတဲ့အခါ မြန်မာဖက်ကနေ လှေနဲ့ကူးပြီး ထိုင်းကို ဝင်ရောက်လာကြောင်း၊ နောက်တော့ တောလမ်းအတိုင်း ခြေကျင်ခရီးဆက်ရင်း တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ထဲ ရောက်လာခဲ့ကြောင်း၊ သူတို့ဟာ ထိုင်းမှာ အလုပ်အကိုင်ရဖို့ မျှော်လင့်ထားပြီး အဲဒီအတွက်အေးဂျင့်တစ်ဦးကိုဘတ် ၁၇၀၀၀ နဲ့ ၁၈၀၀၀ ကြားစီ ပေးခဲ့ရကြောင်း အသီးသီးထွက်ဆိုခဲ့ကြပါတယ်။

ယာဉ်မောင်းအမျိုးသားကိုတော့ထိုင်းရဲတပ်ဖွဲ့ကအထောက်အထားမဲ့ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ရည်ရွယ်ချက်ရှိရှိ လက်ခံမှု၊ ဖုံးကွယ်ပေးထားမှု၊ အဖမ်းမခံရအောင် ကူညီမှုတွေအတွက်ကနဦးစွဲချက်တင်ထားပါတယ်။ခရီးသည် နှစ်ဦးကတော့ တရားမဝင် ဝင်ရောက်လာမှု၊ နေထိုင်မှုတွေအတွက် ထိန်းသိမ်းခံထားရပြီး ပစ်ကပ်ကားကိုလည်း သက်သေအဖြစ် သိမ်းဆည်းထားကြောင်း သိရပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ