Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ကျေးဇူးတင်ထိုက်​သောသူများကို​ကျေးဇူးတင်ရှိခြင်း

တိုက်ပွဲဒဏ်များသာမက​တော်လှန်​ရေးကာလအတွင်းခက်ခဲကြမ်းတမ်းမှု​အမျိုးမျိုးနှင့်ရင်ဆိုင်​တွေ့ကြုံရင်း တစ်ဖက်မှာစိတ်ဒဏ်ရာအမျိုးမျိုးကို ခံစား​နေရ​ပေမဲ့ ခံစားလို့ခံစားမှန်းမသိဘဲ ဖြတ်သန်းခဲ့ကြပါတယ်။

ရေးသားသူ – Gidawn Brang

🧠ကျွန်​တော်တို့KIA ​ရဲ​ဘော်များဟာ​ခေတ်အဆက်ဆက် တော်လှန်​ရေးကာလအတွင်းတိုက်ပွဲ​ပေါင်း​မြောက်မြားစွာနဲ့ရင်ဆိုင်​တွေ့ကြုံခဲ့ရပါတယ်။တိုက်ပွဲဒဏ်များသာမက​တော်လှန်​ရေးကာလအတွင်းခက်ခဲကြမ်းတမ်းမှု​အမျိုးမျိုးနှင့်ရင်ဆိုင်​တွေ့ကြုံရင်း တစ်ဖက်မှာစိတ်ဒဏ်ရာအမျိုးမျိုးကို ခံစား​နေရ​ပေမဲ့ ခံစားလို့ခံစားမှန်းမသိဘဲ ဖြတ်သန်းခဲ့ကြပါတယ်။

🧠တိုက်ပွဲတစ်ခု၏​နောက်ဆက်တွဲမှာ အသက်​​ပေးဆပ်သွားတဲ့သူ​တွေရှိသလို ဒုက္ခိတဖြစ်သွားတဲ့ရဲ​ဘော်​တွေလည်းရှိစမြဲပါ။ထုံးစံအတိုင်းမအလတပ်များထိုးစစ်ဆင်တိုင်း လူအင်အားလက်နက်အင်အား အဆမတန်ဖြင့် မတရားအနိုင်ကျင့်တိုက်ခိုက်ယုံမက​​လေယာဥ် အ​မြှောက်​မော်တာကြီးငယ်သံများလချီကာပစ်ခတ်​နေမှုများ​ကြောင့်တိုက်ပွဲပြီးဆုံးသွားသည့်​​နောက်ပိုင်းတွင် စိတ်ဒဏ်ရာ Trauma ရရှိသွား​သောရဲ​ဘော်များလည်းရှိကြပါသည်။ရဲ​ဘော်အားလုံး​ကို​တော့မဆိုလိုပါ။

🧠​​ရှေ့တန်းပြန် KIA ရဲ​ဘော်တစ်ချို့​​ တိုက်ပွဲဒဏ်​ကြောင့် ကြောက်စိတ်များသွား​​ကာလိပ်ပြာလွင့်ပြီး​တောင်​ပြော​မြောက်​ပြော ​မေးသည်ကိုပင်မ​ဖြေနိုင်ခြင်းအသံကြားသည်ဟုဆိုကာ တစ်ခါတစ်ရံမှာ တစ်​ယောက်တည်းစကား​ပြော​​နေခြင်းနှစ်ရှည်လများစွာအိပ်မ​ပျော်​သောဒဏ်များခံစား​နေရ​သောသူများအချို့လည်းရှိပါတယ်။​ရောဂါရှာမရသည့်​ရောဂါကိုခံစား​နေရ​ပေမဲ့ကုသ​ပေးဖို့လည်းခက်ခဲခဲ့ပါတယ်။

🧠 ​တော်လှန်​ရေးကာလသားမယားရှိအိမ်​​ထောင်သည် KIA ရဲ​ဘော်များ မိသားစုနှင့်​နှစ်လကြာရှည်စွာဝေးကွာ​နေရခြင်း မိသားစုအားတာဝန်မယူနိုင်ခြင်း ​ဇနီးမယား နှင့်သားသမီးများမှပူဆာလာ​သော်လည်း မိမိကိုယ်တိုင် မဖြည့်စွမ်း​ပေးနိုင်ခြင်းတော်လှန်​ရေးကာလကြာရှည်လာ​သော်လည်း​ရေရာသည့်အ​ဖြေမထွက်လာခြင်းစသည့် စိတ်ဖိစီးမှုဒဏ်များမခံနိုင်ကာစိတ်ကျ​ရောဂါခံစား​နေရသူအချို့လည်းရှိပါတယ်။ စိတ်​ဖြေနိုင်ဖို့ အရက်​သောက်တယ်..​သောက်ဖန်များလာ​တော့​ခြေလက်တုန်ကာအရက်​ကြောင်​နေကြသည့်သက်ကြီးKIAရဲ​​ဘော်များလည်းရှိပါတယ်။အမှန်အတိုင်းဝန်ခံတာပါ။

Public Service Announcement

Public Service Announcement

🧠ကျွန်​တော်ပင်လျှင် ဂိဒွန်တိုက်ပွဲ ​​နောက်ဆုံး​နေ့ကျွန်​တော့​​ညာခြေ ဒူး​အောက်ပိုင်းတစ်ခုလုံးလက်နက်ကြီးဒဏ်​ကြောင့်​ကြေမွသွားခဲ့ပါတယ်။​ခြေ​တောက်မဖြတ်ဖို့ကြိုးစားကု​သ​ပေးခဲ့ကြ​ပေမဲ့ မရ​တော့သည့်အဆုံးညာဘက်ဒူး​အောက်ပိုင်းဖြတ်လိုက်ရပါတယ်။​နောက်ဆက်တွဲပြသနာက​တော့စိတ်ဓါတ်ကျခြင်း အားငယ်ခြင်း နှစ်ချီကာအိပ်မ​ပျော်ခြင်းတစ်ခါတစ်ရံ​ကြောက်စိတ်များဝင်လာကာ​ထ​အော်ခြင်းများကိုယ်​တွေ့ခံစားခဲ့ရပါတယ်။တစ်ခါတစ်ရံကိုယ်ရဲ့ ဖြစ်တည်​နေမှုကိုလက်မခံနိုင်ကာ​အော်ငိုခဲ့သည့်အချိန်များလည်းအကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။ ကိုယ့်ကိုကိုယ်အားတင်းထားသည့်ကြားမှ စိတ်ဒဏ်ရာရ​နေတာကို မသိရှိခဲ့ပါ..ကျွန်​တော့လိုဘဲ တိုက်ပွဲမှာထိခိုက်ဒဏ်ရာရကာ​ခြေပြတ်လက်ပြတ် အခြား နှစ်လကြာရှည်ခန္တာကိုယ်ထိခိုက်သွား​သောရဲ​ဘော်အများစုလည်းကျွန်​တော်ထက်မနည်းတဲ့​ စိတ်ဝေဒနာ​​တွေခံစား​နေကြသည်မှာမျက်မြင်ကိုယ်​တွေ့ပါ။

🧠 ၂၀၂၁ နှစ်မှာ​တော့ ​မ​မျှော်လင့်ဘဲ နွေဦး​တော်လှန်​ရေး​​၏ကျေးဇူး​ကြောင့် KIA မှာမရှိ​သေး​သော အထူးလိုအပ်​နေသည့် စိတ်ပိုင်းဆိုင်ရာအထူးကုသမား​တော်ကြီးများကျွန်​တော်တို့KIA နယ်​မြေ​သို့ မိမိတို့ကုသ​ပေး​မည့် ဆေးဝါးများနှင့်အတူရောက်ရှိလာကြပါတယ်။ကျွန်​တော်တို့ဆီ​ရောက်​လာတော့ စစ်​ကြောင့် စိတ်ဒဏ်ရာရကာ စိတ်​ပိုင်းဆိုင်ရာ ချို့ယွင်း​နေ​သောဝေဒနာရှင်​မြောက်မြားစွာကို​တွေ့​​တော့​ဆေးကုသမှုစကြပါ​တော့တယ်။ စကား​ချိုသာလွန်း​တော့မနည်းနား​​​ထောင်ရတယ်။ကျွန်​တော်တို့ကိုအနီးကပ်ထိ​တွေ.ကာမေးမြန်းတယ်..အား​ပေးတယ်။ ဖြစ်စဥ်​တွေကိုဂရုတစိုက် နား​ထောင်​ပေးတယ်.လိုအပ်သူများကိုဆေး​​ပေးတယ်။တစ်ချို့ရဲ​ဘော်​တွေလထပ်ပြီး​​ဆေးသောက်ရတယ်။​ အ​​လောဘွမ်တိုက်ပွဲ ဒဏ်ရာရ​ရှေ့တမ်းပြန်ရဲ​ဘော်များကိုလည်း ဒဏ်ရာ သက်သာသွားပြီး​နောက်၎င်းတို့၏ စိတ်ဒဏ်ရာများကိုလည်းအထူးဂရုစိုက်ကာ ကုသ​ပေးပါခဲ့ကြပါတယ်။

🧠နှစ်​ပေါင်း​မြောက်များစွာစိတ်ကျ​ရောဂါခံစား​နေကြ​သော KIA ရဲ​ဘော်တစ်ချို့ ​ဆေး​ပုံမှန်​သောက်​နေရ​တော့ တက်ကြွလာကြတယ်..ပုံမှန်ဖြစ်လာတယ်..ရယ်မောပြီးစကား​ပြောလာကြတယ် အရင်စကားပြောလျှင်​မေးမထူး​သော KIA ရဲ​ဘော်များ လူမှုဆက်ဆံ​ရေးအဆင်​ပြေလာတယ်..ကျွန်​တော့လိုအိပ်မရကာ​ခြောက်ခြားမှုမကြာခဏဖြစ်တတ်​သောသူကအခုဆိုလျှင် ​ပုံမှန်​​ဆေးသောက်​တော့အိပ်​ပျော်ကာပိုမိုတက်ကြွလာခဲ့တယ်..

🧠အရာအားလုံးအတွက်စိတ်ရင်းဖြင့်အထူး​ကျေးဇူးတင်ရှိပါတယ်။မိမိတို့တတ်​မြောက်ထားသည့်ပညာကိုမကုသဘဲ မ​နေရဟု ကျွန်​တော်တို့KIA ​ခေါင်း​ဆောင်များမခိုင်းရက်ပါ..​တွေ.မြင်​နေရသည့်အ​ခြေအ​နေမှာလစ်လျူရူ့ခြင်း၊လက်​နှေး​နေခြင်းမရှိဘဲ ​ရောက်မဆိုက် မေတ္တာ​စေတနာအပြည့်ထားကာကုသ​ပေးကြတဲ့ CDM စိတ်ကျန်းမာ​ရေးအထူးဆရာဝန်ကြီးများကိုစိတ်ရင်းဖြင့် အထူး​ကျေးဇူးတင်တယ်ဗျာ..

🧠အခုဆိုလျင်တစ်ချို့ရဲ​ဘော်များ​စိတ်ကျန်းမာမှုရရှိကာရှေ့တန်း စစ်​မြေပြင်သို့ခရီးဆက်​နေကြပါပြီ။ဒုက္ခိတဖြစ်ပြီးစိတ်အားငယ်​ခဲ့တဲ့ ကျွန်​တော်နှင့်အတူ သူငယ်ချင်းရဲ​ဘော်များလည်းလိုအပ်သည့်​ဆေးဝါးများ​ကိုသောက်သုံးကာအိပ်​ပျော်ခြင်း၊စားဝင်ခြင်းလန်းဆန်းတက်ကြွလာကြခြင်းကို​ကုသ​ပေးတဲ့ ဆရာဝန်များကိုယ်တိုင် ​တွေ့မြင်ရ​တော့ဝမ်းသာပီတိဖြစ်ကြမှာပါ။​ ဆရာတို့ရဲ့ ပညာနဲ့ ​​မေတ္တာစေတနာဟာ နွေဦး​တော်လှန်​​​ရေးအတွက် စိတ်နှင့်ခန္တာကျန်းမာသန်စွမ်းသည့် KIA စစ်သည် အ​မြောက်အများကို​ရှေ့တန်းစစ်​မြေပြင်သို့အင်အားဖြည့်နိုင်ခဲ့ပြီ။​ ​ရှေ့​လျှောက် ရှေ့တန်းပြန်ရဲ​ဘော်များအတွက်လည်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုမဖြစ်ရ​လေ​အောင်အချိန်မှီကုသ​ပေးနိုင်​တော့မှာပါ။ကျွန်​တော်တို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့​ဆု​ကျေးဇူး​တွေပါ။

🧠ဘဝမှာမျှော်လင့်မထားတဲ့အရာ​တွေဖြစ်လာခဲ့ပေမဲ့ မျော်လင့်မထားတဲ့အချိန်မှာ​မျှော်လင့်မထားတဲ့ ပြည်မဘက်မှ စိတ်ကျန်းမာ​ရေးအထူးကုဆရာဝန်ကြီးများနှင့်ပြန်လည်​တွေ့ဆုံခွင့်ရ​တော့ ကျွန်​တော်တို့လိုစိတ်ပိုင်းဆိုင်ရာလိုအပ်​နေတဲ့ KIA ရဲ​​ဘော်များအတွက်ဘုရားသခင်က​ပေးတဲ့မျက်နှာသာ နှင့် နွေဦး​တော်လှန်​ရေး၏ ​ကျေးဇူးပါ။ကျွန်​တော်တို့ဆီလိုအပ်​နေတဲ့အရာမှန်သမျှကိုအချိန်မှီ အစဥ်ပို့​ဆောင်​ပေး​သောဘုရား သခင်၏ဘုန်းသာ၍ကြီးပါ​စေ။

🧠 CDM စိတ်အထူးကုဆရာဝန်/မ ကြီးများနှင့် အခြား CDM အ​ထွေ​ထွေ ဆရာဝန် /ဆရာမကြီးများအားလုံးကိုအထူး​ကျေးဇူးတင်ရှိစွာဖြင့်