သတင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို MNDAA ထပ်မံ သိမ်းပိုက် ၁၀၂၇ စစ်ဆင်ရေး ၁၁ရက်မြောက်နေ့ နိုဝင်ဘာ ၆ရက် စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ အသိပေး ပြောပြခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 6, 2023
သတင်း မန္တလေးနှင့်ရှမ်းမြောက်အစပ်နောင်ချိုမြို့နယ်ရှိစစ်ကောင်စီတပ် ၂ နေရာကို TNLAနှင့် မန္တလေး PDF ထိုးစစ်ဆင် ရှမ်းမြောက်သို့ စစ်ကူလာပို့သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေရာမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 6, 2023
သတင်း စစ်ကောင်စီတပ်စခန်း လေးခုကို TNLAနှင့် MNDAA က ယနေ့ ထပ်မံသိမ်းပိုက် ကိုးကန့်တပ်မတော် (MNDAA)သည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ ရန်သူ့စစ်ကောင်စီ၏ တပ်စခန်းအား စတင်ထိုးစစ်ဆင်ခဲ့ပြီး (၁၀)မိနစ်ခန့်အကြာတွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း ဒေါ့ဖုန်းယန် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ မြို့အတွင်း လက်နက်ကြီးများပစ်ခတ်၍ ပြည်သူ နှစ်ဦးဒဏ်ရာရ နိုဝင်ဘာ ၅ရက် နေ့လယ် ၂နာရီ ၄၄မိနစ်ခန့်တွင် ဒေါ့ဖုန်းယန် ခလရ(၁၄၂)တပ်က မြို့အတွင်းသို့ လက်နက်ကြီး ခုနစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း မင်းတပ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုပြုလုပ်၊ နေအိမ်အချို့ပျက်စီး မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ၂၅ရက်က မင်းတပ်မြို့တွင်း၌ ထိတွေ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း မြပုလဲစစ်ကောင်စီစခန်းတိုက်ခိုက်ခံရမှု စစ်ကူသွားသည့် နမခ ယာဉ်နှစ်စီးအား PDFတွေ ကြားဖြတ်တိုက်ခိုက် ယမန်နေ့နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲစစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း စစ်ကောင်စီလက်နက်ကြီးကြောင့် လိုင်ဇာမြို့ရှိ နေအိမ် ပျက်စီးမှုရှိ၊ တရုတ်ဘက်ကျ၍ တစ်ဦးသေဟု KIAပြော KIAသည် ကချင်နှင့် ရှမ်းမြောက်တွင်သာမက လက်ရှိတွင် စစ်ကိုင်းဘက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း စစ်ကောင်စီတပ်စခန်း နှစ်ခုကို TNLA ယနေ့ ထပ်မံသိမ်းပိုက်၊ စစ်ကူယာဉ်တန်းတိုက်ခိုက်ပြီး ကားလေးစီး သိမ်းဆည်း TNLA သိမ်းပိုက်ခဲ့သည့်တပ်စခန်း ၂၈ခုအပါအဝင် '၁၀၂၇ စစ်ဆင်ရေး'၁၀ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၃၅ခုကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း အရာတော်မြို့အဝင် စစ်ကောင်စီတပ်ဂိတ်စခန်းတိုက်ခိုက်ခံရပြီး ငါးဦးသေ တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း နောင်ချို၊ မန်တုံနှင့် နမ့်ခမ်းရှိ စစ်ကောင်စီ တပ်စခန်း ၄ခုကို ယနေ့နံနက်တွင် TNLA သိမ်းပိုက် ယနေ့တွင်လည်း နမ့်ခမ်းမြို့နယ် မန့်ဝိန်းကြီးဒေသနှင့် နမ့်ခမ်း မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု TNLAက သတင်းထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 3, 2023