Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့ ကို ​တော်လှန်​ရေးအဖွဲ့များသိမ်းလိုက်ပြီးနောက် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များပြာယာခပ်နေ

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။

(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)
(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

ကောလင်းမြို့ကို PDF များနှင့် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များ ထိတ်လန့်ပြီး ပြာယာခပ်နေနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

“ကောလင်းသတင်းကြားပြီးတော့ ကသာ ခမရ ၃၀၉ ထဲ လန့်နေကြတယ်။ ဗုံးခိုကျင်းတွေ ထတူးနေကြတယ်” ဟု ကသာမြို့မှ ဒေသခံတစ်ဦးကပြောသည်။

အလားတူ ကောလင်းမြို့နှင့် ထိစပ်နေသော ဝန်းသိုမြို့တွင်လည်း စစ်ကောင်စီတပ်စခန်းများအတွင်း ပုံမှန်အခြေအနေမဟုတ်ဘဲ ရှုပ်ထွေးနေကြောင်း မြို့ခံများကပြောသည်။

(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)
(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

“သူတို့ ဟိုပြေးရမလိုလို ဒီပြေးရမလိုလို ဖြစ်နေပြီ။ အခုက သူတို့ပြန် ပြေးရမယ့်အလှည့်ရောက်ပြီ။ လက်နက်ချအလင်းဝင်မယ်လို့လည်း ကြားနေရတယ်” ဟုဝန်းသိုမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင်မြို့တွင်လည်း အထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့ နံနက်တွင် ပိတ်လိုက်ပြီး ဝန်ထမ်းများအားလုံးသည် စစ်တပ်တပ်စွဲထားသည့် မြသိန်းတန်တောင်ပေါ်သို့ သွားရောက်တိမ်းရှောင်နေကြကြောင်း​ဒေသခံအချို့က​ပြောသည်။

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။

(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)
(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

” ဒီကောင်တွေလမ်းပျောက်နေပြီ။ သူတို့ ခံရတော့မှာသေချာတော့ကြောက်နေကြတာ”ဟု ယင်းမာပင်မြို့ခံတစ်ဦးကပြောသည်။

ကောလင်းမြို့မှရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၃ရက်မှစတင်၍ တိုက်ခိုက်ခဲ့ပြီးယ​နေ့(နိုဝင်ဘာလ ၆ရက် )နံနက် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့​ကြောင်းအမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။