Connect with us

Hi, what are you looking for?

သတင်း

ဒေါ့ဖုန်းယန် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ မြို့အတွင်း လက်နက်ကြီးများပစ်ခတ်၍ ပြည်သူ နှစ်ဦးဒဏ်ရာရ

နိုဝင်ဘာ ၅ရက် နေ့လယ် ၂နာရီ ၄၄မိနစ်ခန့်တွင် ဒေါ့ဖုန်းယန် ခလရ(၁၄၂)တပ်က မြို့အတွင်းသို့ လက်နက်ကြီး ခုနစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သောလက်နက်ကြီးကိည်နှင့် ဒဏ်ရာရသူနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ် ပစ်ခတ်သောလက်နက်ကြီးကိည်နှင့် ဒဏ်ရာရသူနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် စစ်ကောင်စီတပ်စခန်းက ဒေါ့ဖုန်းယန်မြို့အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူထိခိုက်မှုရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၅ရက် နေ့လယ် ၂နာရီ ၄၄မိနစ်ခန့်တွင် ဒေါ့ဖုန်းယန် ခလရ(၁၄၂)တပ်က မြို့အတွင်းသို့ လက်နက်ကြီး ခုနစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်နက်ကြီး ခုနစ်လုံး ပစ်ထည့်လိုက်တာ နှစ်ခြင်းဘုရားကျောင်းဝင်း၊ဆေးရုံနဲ့လူနေရပ်ကွက်တွေထဲကျတယ်။ပြည်သူ နှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး။ ဒဏ်ရာရသူ နှစ်ဦးကိုဗန်းမော် ဆေးရုံကိုခေါ်သွားပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်ဘက်က ပြည်သူရှိရာကိုပစ်မှတ်ထားပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုသည်။ယခင်ကလည်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုများကိုဒေါ့ဖုန်းယန် အခြေစိုက်တပ်က လုပ်ဆောင်ခဲ့၍ စာသင်ကျောင်းပျက်စီးမှု၊ လူထိခိုက်မှုအချို့ရှိခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်နယ်မြေ လိုင်ဇာသို့လည်းယခု ရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။