Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ရက်စက်ပြီး ဘာမဆိုလုပ်ဝံ့၍ ပြည်သူများ လုံခြုံရေးသတိရှိရန် ညီနောင်သုံးဖွဲ့ သတိပေး

ညီနောင်သုံးဖွဲ့အနေဖြင့်လည်း ယနေ့ စစ်ဆင်ရေး ၁၁ရက်မြောက်နေ့တွင်လည်း သတ်မှတ်ထားသည့် ရန်သူ့ပစ်မှတ်များအား ဆက်လက် တိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

(ပန်လုံဗျူဟာကုန်း ကိုသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များကို သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူ ​တွေ့ရစဥ်။ဓါတ်ပုံ- Operation 1027)
(ပန်လုံဗျူဟာကုန်း ကိုသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များကို သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူ ​တွေ့ရစဥ်။ဓါတ်ပုံ- Operation 1027)

▪︎ပန်လုံဗျူဟာကုန်းကိုစစ်တပ်က​လေ​ကြောင်းပစ်ကူ​အများအပြား​ပေး​နေသည့်ကြားမှ AA ဦး​ဆောင်တိုက်ခိုက်သိမ်းယူ

▪︎၁၀၂၇ စစ်ဆင်ရေးအတွင်းအသက်ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ရသည့် ရဲဘော်များအား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြ

▪︎​ကောလင်းမြို့သိမ်းတိုက်ပွဲ ၁၀၂၇ စစ်ဆင်​ရေးတွင်ထည့်သွင်း​ဖော်ပြ

ရက်စက်ပြီး မည်သည့်အရာကိုမဆိုလုပ်ဝံ့သော စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် သွားသတိ၊ လာသတိ၊ နေသတိ စသည့် လုံခြုံရေးသတိအပြည့်ဖြင့် နားစွင့်နေထိုင်ကြရန် တအာင်း(TNLA)၊ ကိုးကန့်(MNDAA)နှင့် ရက္ခိုင်(AA) ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့ ထုတ်ပြန် သတိပေးလိုက်သည်။

၁၀၂၇ စစ်ဆင်ရေး (၁၁) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ ဖော်ပြရာ၌ အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။

ရန်သူစစ်ကောင်စီသည် မြေပြင်တိုက်ပွဲများ၏ စစ်မျက်နှာစာများတွင် ခုခံစစ်မဖော်ဆောင်နိုင်ခြင်းကြောင့် လေကြောင်းပစ်ကူမှု နှင့် လေကြောင်းမှ ထောက်ပို့မှုကိုသာ အားထားနေရပြီး တဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ လှုပ်ရှားခြင်းမရှိသော နေရာဒေသများရှိ အရပ်သားပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာနေသည်ဟု ဖော်ပြသည်။

(ပန်လုံဗျူဟာကုန်း ကိုသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များကို သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူ ​တွေ့ရစဥ်။ဓါတ်ပုံ- Operation 1027)
(ပန်လုံဗျူဟာကုန်း ကိုသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များကို သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူ ​တွေ့ရစဥ်။ဓါတ်ပုံ- Operation 1027)

စစ်မြေပြင်တွင်အထိနာပြီး စခန်းကုန်းများတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရသော စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ များအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းအပြင် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျုးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ညီနောင်သုံးဖွဲ့အနေဖြင့်လည်း ယနေ့ စစ်ဆင်ရေး ၁၁ရက်မြောက်နေ့တွင်လည်း သတ်မှတ်ထားသည့် ရန်သူ့ပစ်မှတ်များအား ဆက်လက် တိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

ယမန်နေ့ကလည်း ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ရန်သူစစ်ကောင်စီ၏ ဗျူဟာကုန်းများထဲမှ ပန်လုံဗျူဟာကုန်း (အဓိကပင်မကုန်း) အား တိုက်ခိုက်ခဲ့ရာ မနက် ၅နာရီမှ ညနေ ၅နာရီအထိတစ်​နေကုန် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ ဗျူဟာကုန်းနှင့် “ကာကင်း” ဗျူဟာစခန်း (၂) ခုအား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ အဓိကဦးဆောင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရသော စခန်းသိမ်းတိုက်ပွဲတစ်ခုဖြစ်သည်ဟုသိရသည်။

ရန်သူသည် ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် အကြိမ်ပေါင်းများစွာ ခုခံကာကွယ်တိုက်ခိုက်နေသည့်ကြားမှ တပ်ဖွဲ့ဝင်များ၏ ဗျူဟာမြောက်ထိုးစစ်နှင့်အတူ ပေးဆပ်မှုများစွာဖြင့် “ပန်လုံဗျူဟာကုန်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ပန်လုံဗျူဟာကုန်း ကိုသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များကို သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူ ​တွေ့ရစဥ်။ဓါတ်ပုံ- Operation 1027)
(ပန်လုံဗျူဟာကုန်း ကိုသိမ်းပိုက်ပြီး​နောက် ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များကို သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူ ​တွေ့ရစဥ်။ဓါတ်ပုံ- Operation 1027)

ဗျူဟာကုန်းသိမ်းတိုက်ပွဲအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော ရဲဘော်များအား လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ် သကဲ့သို့ ၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက် အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြရသော အဖွဲ့အစည်းအသီးသီးမှ ရဲဘော် တစ်ယောက်ချင်းစီကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးတိုက်ပွဲသတင်းထုတ်ပြန်ချက်၌ ကောလင်းမြို့သိမ်းတိုက်ပွဲဖြစ်စဉ်ကိုလည်း ဖော်ပြသည်။

ထိုအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များပါဝင်သည့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုသည် “ကောလင်းမြို့” ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိ ရန်သူအားနိုဝင်ဘာ ၃ရက်က စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၆) ရက်နေ့တွင် ကောလင်းမြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။