Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားနှင့် ရဲများ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံရန် ရွှေကူ PDF ထုတ်ပြန်

စစ်မှုထမ်း၊ ရဲဝန်ထမ်းများ အနေဖြင့် ရွှေကူ KPDF ထံ ပြည်သူ့ရင်ခွင် ခိုလှုံရေး CDM လှုပ်ရှားမှုတွင် ပါဝင်လာပါက တစ်ဦးချင်းဖြစ်စေ မိသားစုလိုက်ဖြစ်စေ စားဝတ်နေရေး ၊ လုံခြုံရေး အစစ အဆင်ပြေစေရန် ထောက်ပံ့ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်သားနှင့် ရဲများ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံရန် ရွှေကူ PDF ထုတ်ပြန်
စစ်ကောင်စီတပ်သားနှင့် ရဲများ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံရန် ရွှေကူ PDF ထုတ်ပြန်

စစ်မှုထမ်း၊ ရဲဝန်ထမ်းများ အနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံကြရန် ရွှေကူမြို့နယ် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်-(KPDF)က ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံကြမ့် သူရဲကောင်းများထံ အသိပေး ပန်ကြားချက်ကို နိုဝင်ဘာ ၆ရက်တွင် ရွှေကူ PDFက ထုတ်ပြန်ခဲ့ရာ CDM လှုပ်ရှားမှုတွင် ပါဝင်လာသော စစ်မှုထမ်း၊ ရဲဝန်ထမ်းများ အနေဖြင့် လက်နက်ပါ ယူဆောင်လာနိုင်ပါက အမျိုးအစားအလိုက် ထိုက်တန်စွာ ချီးမြှင့်ပေးမည်ဟုလည်း အသိပေးသည်။

စစ်မှုထမ်း၊ ရဲဝန်ထမ်းများ အနေဖြင့် ရွှေကူ KPDF ထံ ပြည်သူ့ရင်ခွင် ခိုလှုံရေး CDM လှုပ်ရှားမှုတွင် ပါဝင်လာပါက တစ်ဦးချင်းဖြစ်စေ မိသားစုလိုက်ဖြစ်စေ စားဝတ်နေရေး ၊ လုံခြုံရေး အစစ အဆင်ပြေစေရန် ထောက်ပံ့ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခင်ဝင်ရောက်ခိုလှုံလာသော CDM များကိုလည်း စောင့်ရှောက် ထောက်ပံ့လျက်ရှိကြောင်း၊ ပြည်သူ့သားကောင်း CDM ဝန်ထမ်းများအပေါ်တွင်လည်း လူ့အခွင့်အရေး ပြည့်၀စွာ ထောက်ပံ့နေခြင်းဖြစ်ကြောင်း ရွှေကူ KPDFက အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ရွှေကူခရိုင် အမှတ်(၁၂) တပ်ရင်း နှင့် ရွှေကူ KPDF နယ်မြေအတွင်းရှိ ပြည်သူ့ရင်ခွင် ခိုလှုံကြမည့် စစ်မှုထမ်း၊ ရဲဝန်ထမ်းများကို အထူးပင် လှိုက်လှဲစွာ ကြိုဆိုသည်ဟု အသိပေးခဲ့သည်။

ရွှေကူ PDFသည် အောက်တိုဘာ ၁၈ ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းပြီး ရွှေကူ မြို့နယ် ငဘတ်ကြီးစစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ရှေ့ဆက်၍ စစ်ရှိန် ဆက်မြှင့်သွားမည်ဖြစ်ကြောင်းလည်း ရွှေကူ KPDF တာဝန်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook