Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုပြုလုပ်၊ နေအိမ်အချို့ပျက်စီး

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ၂၅ရက်က မင်းတပ်မြို့တွင်း၌ ထိတွေ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ရှိ နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl- Mindat)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ရှိ နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl- Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၄ရက် နံနက်ပိုင်းတွင် မင်းတပ်မြို့နယ် ၁၆မိုင်နှင့် ပန်းစခန်းအကြား အများပြည်သူသွားလာလမ်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲ့နေရာမှာ အိမ်အချိုု့ရှိတယ်။ လူတွေက ရှောင်နေကြရတာ။ တိုက်ပွဲမဖြစ်ဘဲ ဗုံးလာကြဲတာ”ဟု CDF-Mindatမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ရှိ နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl- Mindat)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ရှိ နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Hkl- Mindat)

လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်တွင် ဗုံး ၆လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ် သုံးလုံးပျက်စီးခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“တဆက်ထဲ (၂၇၄)တပ်ရင်းမှလည်း (၁၂၀)မမ လက်နက်ကြီးဖြင့် ၎င်းနေရာကို ငါးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ပြည်သူ့နေအိမ်သုံးလုံးထိခိုက်ပျက်ဆီးသွားတယ်လို့ကြားသိရပါတယ်”ဟု မင်းတပ်ဒေသခံက အသိပေးထားသည်။

တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိ၊မရှိ အခြေအနေ မေးမြန်းရာ ထိခိုက်မှုမရှိဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်းကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးပစ်ခတ်မှု ၂၃ ကြိမ်ပြုလုပ်ခဲ့ရာ လူနေအိမ်အချို့နှင့် ပြည်သူပိုင်ပစ္စည်းအချို့ ပျက်စီးခဲ့သည်ဟု မင်းတပ် CDFက အသိပေးသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ရှိ နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl- Mindat)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ရှိ နေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Hkl- Mindat)

ထို့ပြင် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကိုအကြောင်းမဲ့ဖမ်းဆီးခဲ့ရာ တစ်ဦးသေဆုံးခဲ့ရကြောင်း ထုတ်ပြန်သည်။

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ၂၅ရက်က မင်းတပ်မြို့တွင်း၌ ထိတွေ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး