သတင်း ခမ်းပါတ်နှင့် မော်လူးမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သားငါးဦး သေဆုံး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဇန်နဝါရီ 17, 2025
သတင်း သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီ ပိိုက်စိပ်တိုက် စစ်ဆေး၊ လူငယ် ၁၀ဦးထက်မနည်း ဖမ်းဆီးခံရ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။ ludunwayooဇန်နဝါရီ 17, 2025
သတင်း ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီအသေခံဒရုန်းဖြင့် တိုက်ခိုက်ဟု KNU ပြော ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။ ludunwayooဇန်နဝါရီ 17, 2025
သတင်း ဧရာဝတီတိုင်း၌ မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်များ စစ်ကောင်စီ ပြန်ဖွင့် ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။ ludunwayooဇန်နဝါရီ 17, 2025
သတင်း မန္တလေးမြိုတွင် (၂)ပတ်အတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူ ၁၂၀ကျော်ရှိ နေ့ညမရွေးလိုက်ဖမ်းနေဟု မန်းသပိတ်အင်အားစု အသိပေး ludunwayooဇန်နဝါရီ 17, 2025
သတင်း ခါမ်းပါတ်မြို့လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့မှ နေရာသုံးခုကို စစ်ကောင်စီက ယနေ့ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူခြောက်ဦး သေဆုံးခဲ့ရကြောင်း ကနဦးသတင်းရရှိသည်။ ludunwayooဇန်နဝါရီ 17, 2025
သတင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီရိက္ခာပို့ စစ်ကြောင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် မကွေးတိုင်း၊ မြိုင်မြို့မှ ပျူစောထီးအားကောင်းရာ ကနီကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myaing Supporting Battalion တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ludunwayooဇန်နဝါရီ 17, 2025
သတင်း ခါမ်းပါတ်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေ ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၆ရက်) ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ludunwayooဇန်နဝါရီ 17, 2025
သတင်း အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းတပ်အရှို တိုက်ပွဲဖြစ်၊ ၁၂ဦး ဖမ်းမိဟု ချင်းတပ်အရှို ပြော၊ လက်နက်ခဲယမ်းများလည်း သိမ်းရ ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ဦး ထပ်မံဖမ်းဆီးရမိပြီး တိုက်ပွဲများအတွင်း ငါးဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တပ်ဖွဲ့တာဝန်ခံ ဆလိုင်းဒါဝိဒ်က လူထုနွေဦးသို့ ပြောသည်။ ludunwayooဇန်နဝါရီ 17, 2025
ဆောင်းပါး “မျှော်ရှာသူ” နွားအုပ်ကိုသိမ်းလာတဲ့ ဒေါ်မြ(အမည်လွှဲ)တစ်ယောက် မောကြီးပန်းကြီးနဲ့ အိမ်အဖီလေးထဲဝင်လာပြီး ရေအိုးစင်ကနေ ရေတစ်ခွက်ခပ်သောက်တယ်။ ရေသောက်ပြီးတော့ ခုံတန်းလျားပေါ်ခြေပစ်လက်ပစ်ထိုင်ချတယ်။ ဆောင်းညနေ ဖြစ်ပေမယ့် ချွေးတွေက ဒေါ်မြ နဖူးမှာခပ်စို့စို့ထွက်နေတယ်။ ဒေါ်မြ မသုတ်အားသေးဘူး။ ludunwayooဇန်နဝါရီ 17, 2025