Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြန်၊ ဒေသခံသုံးဦး သေဆုံး၊ ၁၀ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကနဦးသတင်းများအရ ဒေသခံ သုံးဦးသေဆုံးပြီး ၁ဝဦးခန့်ဒဏ်ရာရသွားကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မြို့နယ်များကို ယခုရက်ပိုင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့် စစ်ကောင်စီက ယခုအခါ ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် မြို့နယ်များကိုပါ ပစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်နေသည်ဟု ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်မြောက်ပိုင်း ခမ်းပတ်မြို့တောင်ဘက် စော်ဘွားရေရှင်ကျေးရွာအနီး ယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံ သုံးဦးသေဆုံးပြီး ၁ဝ ဦးခန့်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကလည်း အသိပေးထားသည်။

စစ်ကောင်စီသည် တမူးခရိုင်အတွင်းရှိ ခမ်းပါတ်မြို့ကို ဇန်နဝါရီ ၁၆ရက် ည၈နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အသက်၃နှစ်အရွယ်ကလေးငယ်တစ်ဦးပါဝင် အရပ်သားနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။

ထို့အပြင် မော်လူးမြို့ကိုလည်း လေကြောင်းမှ တိုက်ခိုက်ရာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံပြည်သူသုံးဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည် မည်သည့်မြို့ကိုမဆိုဗုံးကြဲတိုက်ခိုက်လာနိုင်၍ လေကြောင်းပျံသန်းမှုသတိပေးချက်များကို ဖြန့်ဝေသတိပေးကြရန် ပြည်သူများအချင်းချင်းလည်း သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။