Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီအသေခံဒရုန်းဖြင့် တိုက်ခိုက်ဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။

ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီအသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၁၆ရက်) ညနေပိုင်းက ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာ စာသင်ကျောင်းကို လက်လုပ်အသေခံဒရုန်း(Suicide Drone) ၂စင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးရှိမရှိ ဖော်ပြမထားသော်လည်း တဂေးလောင်းရွာနှင့် အနီးဝန်းကျင် ကျေးရွာများရှိ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်ခဲ့ရပြီး စာသင်ကျောင်းကိုလည်း ပိတ်ထားရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အသေခံဒရုန်းအသုံးပြုပြီး ကျေးရွာ စာသင်ကျောင်းနှင့် လူနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် KNU နယ်မြေများရှိကျေးရွာများကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၄ရက်ကလည်း KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၅၇ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးကာ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။