Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း၌ မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်များ စစ်ကောင်စီ ပြန်ဖွင့်

ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။

ဧရာဝတီတိုင်းသွားရာလမ်းပိုင်းတစ်ခုတွင် ယာဉ်စစ်ဆေးမှုပြုလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

ဇော်ဂျီ(ဧရာဝတီ)/People’s Spring

ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊ အထွက်စစ်ဆေးရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။

“ဧရာဝတီတိုင်း မြို့တော်တော်များများမှာ စစ် ဆေးရေးဂိတ်တွေပြန်ဖွင့်ထားတယ်။ ခရီးသွားတွေအနေနဲ့ ဒါကို သတိပြုဖို့လိုပါတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီး ငွေညှစ်တာတွေရှိနေတယ်။ စစ်ဆေးရေးဂိတ်တွေမှာက ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများတယ်”ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းတွင် ၂၀၂၁မှစကာ စစ်ဆေးရေးဂိတ်များဖွင့်ခဲ့ပြီး ခရီးသွားကားများ၊ အိမ်စီးကားများအား စစ်‌ဆေးပြီး သံသယရှိသူများအား ဖမ်းဆီးခဲ့သည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို စစ်ကောင်စီက ၂၀၂၃ နှစ်လယ်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့ဝင်ရောက်သည့် ပန်တိုင်စစ်ဆေးရေးဂိတ်တစ်ခုသာ ဆက်ဖွင့်ခဲ့သည်။

ယခုရက်ပိုင်းတွင် ပုသိမ်၊ ဟင်္သာတ၊ မအူပင်မြို့အပါအဝင် ဧရာဝတီတိုင်းအတွင်း မြို့များအားလုံး၏အဝင်၊ အထွက်နေရာများတွင် စစ် ဆေးရေးဂိတ်များ ပြန်ဖွင့်ထားခြင်းဖြစ်သည်။

” ဂိတ်ဖွင့်တယ်။ ပိုက်ဆံတောင်းတယ်။ အရက်သောက်တယ်။ တစ်ရာပေးလည်းယူ နှစ်ရာပေးလည်းယူ၊ သတောင်းစားကမှ သူတို့ထက် သိက္ခာရှိတယ်”ဟု ညောင်တုန်းမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိကာလတွင် ရခိုင်ပြည်နယ်နှင့် ဧရာတီတိုင်းနယ်စပ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအနီး မြို့နယ်အချို့တွင် စစ်ရေးတင်းမာနေသည့် အခြေအနေရှိသည်။

ထို့ကြောင့် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း လုံခြုံရေးတိုးထားခြင်းဖြစ်သည်။

ဧရာဝတီတိုင်းအတွင်း မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များ ပြန်ဖွင့်ထားသလို မြို့တွင်း၌လည်း အရပ်ဝတ် ပျုစောထီးများ၊ယူနီဖောင်းဝတ် ပြည်သူ့စစ်များက ကင်းလှည့်နေသည်။

ထို့အပြင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။