Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ယာဉ်ရှစ်စီးထိမှန်၊ နှစ်စီးမှာ ပေါက်ကွဲပျက်စီးဟု MNDAA ထုတ်ပြန်

မုံးကိုးဒေသသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ် ၃၄စီးရှိရာ အဆိုပါယာဉ်တန်း မုံးကိုးဒေသသို့ ဝင်မလာနိုင်စေရေး ခါလန်ဟော်ဒေသ၌ MNDAA တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသသို့ စစ်ကူပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကြာဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ယာဉ်ရှစ်စီး ထိမှန်ခဲ့ပြီး နှစ်စီးမှာ ခဲယမ်းမီးစွဲမှုဖြင့် ‌ပေါက်ကွဲခဲ့ကြောင်း MNDAA၏ နိုဝင်ဘာ ၃ရက် စစ်ရေးသတင်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမူ ဖော်ပြမထားပေ။

မုံးကိုးဒေသသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ် ၃၄စီးရှိရာ အဆိုပါယာဉ်တန်း မုံးကိုးဒေသသို့ ဝင်မလာနိုင်စေရေး ခါလန်ဟော်ဒေသ၌ MNDAA တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်ကလည်း စစ်ကောင်စီသည် မုံးကိုးခရိုင် ၊ ဖောင်းဆိုင် ၊ ရှိကျိကျတောင်းတန်းနှင့် မန်ရန်ဒေသရှိ MNDAAခံတပ်ကို လက်နက်ကြီးဖြင့် အချက်များစွာ ပစ်ခတ်ခဲ့ရာ MNDAA တပ်ဖွဲ့ဝင် သုံးဦ ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မုံးကိုးခရိုင်ဖောင်းဆိုင်တံတားအနီး ၊ မန်ပင်အနောက်ဘက်တောင်တန်း ၊ ရှယ်ကြာကျေးရွာအနောက် ဘက်တောင်တန်းနှင့် ကိုးကန့်ပေါက်ပေါက်ကျိုက်ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၃ရက်ကလည် MNDAAနှင့် စစ်ကောင်စီတပ်တို့သည် လားရှိုး-သိန္နိ လမ်းကြား ၁၃ မိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မုံးကိုးဒေသသို့ စစ်အင်အားများ ဆက်လက်ဖြည့်တင်းနေပြီး တိုက်ပွဲအရှိန်လည်း ပိုမိုပြင်းထန်လာကြောင်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။