Connect with us

Hi, what are you looking for?

News

Mytel၏ အကြီးအကဲ ပစ်သတ်ခံရပြီးနောက် မရမ်းကုန်းတွင် စစ်ကောင်စီတပ်များခြေရှုပ်နေ

ရှာဖွေဖမ်းဆီးမှုများကို မရမ်းကုန်း (၆)ရပ်ကွက်ရှိ လမ်းများတွင် နေရပ်လိပ်စာအတိအကျဖြင့် ဝင်ရောက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Mayangone Information က ဖော်ပြသည်။

စစ်တပ်ပိုင် Mytel လုပ်ငန်း၏ အကြီးအကဲတစ်ဦးဖြစ်သူ ရေတပ်ဗိုလ်မှူးဟောင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များက မရမ်းကုန်းမြို့နယ်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရှာဖွေဖမ်းဆီးမှုများကို မရမ်းကုန်း (၆)ရပ်ကွက်ရှိ လမ်းများတွင် နေရပ်လိပ်စာအတိအကျဖြင့် ဝင်ရောက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Mayangone Information က ဖော်ပြသည်။

” အင်အား ၁၀၀​လောက်ရှိမယ်ထင်ရတယ်။ ဧည့်စာရင်းစစ်ဖို့ပြင်​နေကြတယ် ထင်တယ်”ဟု (၆)ရပ်ကွက်​နေပြည်သူတစ်ဦးက ​ပြောသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင် ပေါက်စေတီအနီး စစ်တပ်သုံးယာဉ်များဖြင့် အထိုင်ချထားပြီး အမှတ်(၄)၊(၅)၊(၆)နှင့် (၇)ရပ်ကွက်များသို့ ဝင်ရောက်စစ်ဆေးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ပစ်ခတ်မှုနှင့်ဆက်စပ်ပြီး စစ်ကောင်စီတပ်များ ရပ်ကွက်များအတွင်း ရှာဖွေမှုများပြုလုပ်နေစဉ် မရမ်းကုန်မြို့နယ်တရားရုံးအနီး ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ကာ ယင်းလုပ်ရပ်မှာ စစ်ကောင်စီတပ်၏ လက်ချက်သာဖြစ်ကြောင်း မရမ်းကုန်းပြည်သူ့ကာ ကွယ်ရေးတပ်က အသိပေးထားသည်။

ရေတပ်ဗိုလ်မှူးဟောင်း သိန်းအောင် ပစ်သတ်ခံရခြင်းနှင့်စပ်လျင်းပြီး ၎င်းတို့အချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု လူမှုကွန်ရက်တွင် ထင်ကြေးပေးပြောဆိုမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။