Connect with us

Hi, what are you looking for?

LuduNwayOo

News

Mytel၏ အကြီးအကဲ ပစ်သတ်ခံရပြီးနောက် မရမ်းကုန်းတွင် စစ်ကောင်စီတပ်များခြေရှုပ်နေ

ရှာဖွေဖမ်းဆီးမှုများကို မရမ်းကုန်း (၆)ရပ်ကွက်ရှိ လမ်းများတွင် နေရပ်လိပ်စာအတိအကျဖြင့် ဝင်ရောက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Mayangone Information က ဖော်ပြသည်။

စစ်တပ်ပိုင် Mytel လုပ်ငန်း၏ အကြီးအကဲတစ်ဦးဖြစ်သူ ရေတပ်ဗိုလ်မှူးဟောင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များက မရမ်းကုန်းမြို့နယ်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရှာဖွေဖမ်းဆီးမှုများကို မရမ်းကုန်း (၆)ရပ်ကွက်ရှိ လမ်းများတွင် နေရပ်လိပ်စာအတိအကျဖြင့် ဝင်ရောက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူ ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Mayangone Information က ဖော်ပြသည်။

” အင်အား ၁၀၀​လောက်ရှိမယ်ထင်ရတယ်။ ဧည့်စာရင်းစစ်ဖို့ပြင်​နေကြတယ် ထင်တယ်”ဟု (၆)ရပ်ကွက်​နေပြည်သူတစ်ဦးက ​ပြောသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင် ပေါက်စေတီအနီး စစ်တပ်သုံးယာဉ်များဖြင့် အထိုင်ချထားပြီး အမှတ်(၄)၊(၅)၊(၆)နှင့် (၇)ရပ်ကွက်များသို့ ဝင်ရောက်စစ်ဆေးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ပစ်ခတ်မှုနှင့်ဆက်စပ်ပြီး စစ်ကောင်စီတပ်များ ရပ်ကွက်များအတွင်း ရှာဖွေမှုများပြုလုပ်နေစဉ် မရမ်းကုန်မြို့နယ်တရားရုံးအနီး ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ကာ ယင်းလုပ်ရပ်မှာ စစ်ကောင်စီတပ်၏ လက်ချက်သာဖြစ်ကြောင်း မရမ်းကုန်းပြည်သူ့ကာ ကွယ်ရေးတပ်က အသိပေးထားသည်။

ရေတပ်ဗိုလ်မှူးဟောင်း သိန်းအောင် ပစ်သတ်ခံရခြင်းနှင့်စပ်လျင်းပြီး ၎င်းတို့အချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု လူမှုကွန်ရက်တွင် ထင်ကြေးပေးပြောဆိုမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။