Connect with us

Hi, what are you looking for?

News

ဖယ်ခုံနယ် လွယ်ဟွဲရွာအနီး တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ လေးဦးသေ၊ ဒဏ်ရာရသူများလည်းရှိ

စစ်ကောင်စီတပ်ဝင်ရောက်လာ၍ လွယ်ဟွဲရွာခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။

(PDF ရဲဘော်များနှင့် ဒဏ်ရာရရှိသူ နှစ်ဦးကို တွေ့ရစဥ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ဟွဲရွာအနီးတွင် ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

(PDF ရဲဘော်များနှင့် ဒဏ်ရာရရှိသူ နှစ်ဦးကို တွေ့ရစဥ်)

ဒေသတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ဖယ်ခုံ၊ လွိုင်ကော်၊ မိုးဗြဲနှင့်ဒီးမော့ဆိုမြို့နယ် အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့၍ ယနေ့(နိုဝင်ဘာ ၄ရက်) နံနက် ၁၀နာရီမှ နေ့လည် ၁နာရီခွဲထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“စကစဘက်က လေးယောက်လောက်ကျသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှု ၂ယောက်ရှိတယ်။ တစ်ယောက်တော့ စိုးရိမ်ရတယ်။ တစ်ယောက်တော့ သိပ်စိုးရိမ်စရာမရှိဘူး။ အခုအချိန်က နားထားတုန်းဆိုပေမယ့် အချိန်မရွေးထဖြစ်နိုင်တယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

(PDF ရဲဘော်များနှင့် ဒဏ်ရာရရှိသူ နှစ်ဦးကို တွေ့ရစဥ်)

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာ ၍ နိုဝင်ဘာ ၂ရက်မှစ၍ ခေါင်းအိကျေးရွာ၊ လွယ်ဟွဲကျေးရွာအနီးတစ်၀ိုက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဝင်ရောက်လာ၍ လွယ်ဟွဲရွာခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။