Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံနယ် လွယ်ဟွဲရွာအနီး တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ လေးဦးသေ၊ ဒဏ်ရာရသူများလည်းရှိ

စစ်ကောင်စီတပ်ဝင်ရောက်လာ၍ လွယ်ဟွဲရွာခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။

(PDF ရဲဘော်များနှင့် ဒဏ်ရာရရှိသူ နှစ်ဦးကို တွေ့ရစဥ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ဟွဲရွာအနီးတွင် ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

(PDF ရဲဘော်များနှင့် ဒဏ်ရာရရှိသူ နှစ်ဦးကို တွေ့ရစဥ်)

ဒေသတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ဖယ်ခုံ၊ လွိုင်ကော်၊ မိုးဗြဲနှင့်ဒီးမော့ဆိုမြို့နယ် အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့၍ ယနေ့(နိုဝင်ဘာ ၄ရက်) နံနက် ၁၀နာရီမှ နေ့လည် ၁နာရီခွဲထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“စကစဘက်က လေးယောက်လောက်ကျသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှု ၂ယောက်ရှိတယ်။ တစ်ယောက်တော့ စိုးရိမ်ရတယ်။ တစ်ယောက်တော့ သိပ်စိုးရိမ်စရာမရှိဘူး။ အခုအချိန်က နားထားတုန်းဆိုပေမယ့် အချိန်မရွေးထဖြစ်နိုင်တယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

(PDF ရဲဘော်များနှင့် ဒဏ်ရာရရှိသူ နှစ်ဦးကို တွေ့ရစဥ်)

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာ ၍ နိုဝင်ဘာ ၂ရက်မှစ၍ ခေါင်းအိကျေးရွာ၊ လွယ်ဟွဲကျေးရွာအနီးတစ်၀ိုက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဝင်ရောက်လာ၍ လွယ်ဟွဲရွာခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။