Hi, what are you looking for?
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူလူထုများဒုက္ခဆင်းရဲတွင်း ရောက်ရှိနေမှု၊ ဆန့်ကျင်တွန်းလှန်သူများပြားမှုတို့ကို ဂရုမစိုက်၊ နည်းမှန်လမ်းမှန် ဖြေရှင်းခြင်းမပြုသည့်အပြင် စစ်တပ်ကြီးစိုးမှု အမြဲရရှိရေး ကြိုးပမ်းနေသည့်အပေါ် လက်မခံဘဲ ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိမြို့နယ်များ မှစစ်တပ်စခန်းများပတ်ဝန်းကျင်ကို AA က မိုင်းရှင်းလင်းစဉ် ဘုရားစာများကပ်ထားသည့် မိုင်းများ၊ ဗုံးများ၊ လက်နက်ကြီးကျည်ဆန်များကို တူးဖော်တွေ့ရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ထွက်လာသော စစ်ဘေးရှောင်ပြည်သူ ၂၈၀ဦးဝန်းကျင် လိုက်ပါလာသည့် သင်္ဘောကို ဧရာဝတီတိုင်း ဟိုင်းကြီး ကျွန်းအနီးပင်လယ်ပြင်တွင် စစ်ကောင်စီက တားမြစ်ထားပြီး ၇ ရက်ကြာသည့်တိုင် ကမ်းကပ်ခွင့်မပေးသလို ပြန်ထွက်ခွင့်မပေး၍ ကလေးငယ်၊အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအပါအဝင် သင်္ဘောပေါ်ရှိသူအားလုံး အခက်အခဲကြုံတွေ့နေသည်။