Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မှာစိတ်ကျန်းမာရေးမကောင်းသူလက်နက်ကြီးထိမှန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

(လက်နက်ကြီးထိလူနာအား ဆေးရုံသို့ပို့ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Screen Grab)

ဇွန်-၇၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

မနေ့က ဇွန်လ ၆ရက်က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နားကျပ်ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၎င်းကျေးရွာနေ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၇ နှစ်အရွယ် ဦးချစ်ဖွယ်ဆိုသူ ကျောရိုးထိခိုက်သွားကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

“အောက်ပိုင်း အာရုံကြောထိခိုက်ပြီး အကြောသေသွားပါတယ်။ အာရုံကြောကုသဖို့ နေပြည်တော် ကိုလွှဲထားပါတယ်။ လူနာက နွမ်းပါးသူမို့ ပိုက်ဆံလုံးဝမပါပါဘူး။”လို့ ၎င်း လူမှုကယ်ဆယ်ရေးအသင်းက ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

၎င်းလူနာရဲ့ လက်ရှိ ဆေးဖိုး၊ စားစရိတ်နဲ့ နေပြည်တော်အသွားအပြန်လူနာတင်ကားစရိတ်တွေကို အသင်းက ကူညီပေးထားပြီး အောက်ပိုင်းမသေဖို့နဲ့ လက်ရှိထိခိုက်ဒဏ်ရာ ကုသနိုင်ဖို့ ဆေးကုသစရိတ် အကူအညီလိုအပ်နေကြောင်း သိရပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၃ ရက် ကတည်းက စစ်တပ်က စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေလို့ ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ကျေးရွာအများအပြား တိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook