Connect with us

Hi, what are you looking for?

သတင်း

ရက် ၁၀၀ စီမံချက်ဆိုပြီး ပစ္စည်းဂိုဒေါင်တွေ စစ်တပ် ဝင်စီး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်

ရက် ၁၀၀ စီမံကိန်းဆိုပြီး စစ်တပ်က မြို့ကြီးတွေကဂိုဒေါင်တွေ ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ လုပ် နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

(မြဝတီလမ်းပိုင်မှာ ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်ကားတစ်စီးကို စစ်တပ် လက်အောက်ခံတွေက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဇွန်၈၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

ရက် ၁၀၀ စီမံကိန်းဆိုပြီး စစ်တပ်က မြို့ကြီးတွေကဂိုဒေါင်တွေ ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ လုပ် နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီ၂၀ ရက်ကနေ ဇူလိုင် ၃၁ရက်အထိ ရက်‌‌၁၀၀ စီမံချက်ဟု ကြေညာထားပြီး ပြည်ပကသွင်းကုန်အားလုံးကို တားမြစ်ထားတာလို့ သိရပါတယ်။

” ယိုးဒယား၊တရုတ်ထုတ်ကုန်ပစ္စည်း အကုန်ပိတ်ထားတာ။အဝတ်အစား၊အသုံးအဆောင်လည်း သယ်မရဘူး”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုန်ပစ္စည်းသယ်ယူတဲ့ကားတွေကိုပါ ဖမ်းကာကုန်ပစ္စည်းသိမ်းယူမှု တွေရှိနေသလို ရန်ကုန်၊မန္တလေးလို စစ်တပ်ထိန်းချုပ်မြို့ကြီး တွေမှာလည်း ပစ္စည်းဂိုဒေါင်တွေကို ဝင်ရောက်စီးနင်းမှုတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“သတင်းရတဲ့ ဂိုဒေါင်တွေအကုန်လိုက်စီးနေတာ။မပေါ့ဆစေချင်ဘူး။အရင်ကပစ္စည်း လက်ကျန်တွေကအစ အကုန်ဖမ်းနေတာ”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုစီမံကိန်းမတိုင်မီက မှာယူထားတဲ့ ပစ္စည်းတွေလည်း မြို့အဝင်ဂိတ်တွေမှာ အကုန်ဖမ်းဆီးခံ နေကြရပြီး ပစ္စည်းတွေ ပြန်ထုတ်လို့လည်းမရဘူးလို့ သိရပါတယ်။

” ဒီနောက်ဆက်တွဲက ကုန်ပစ္စည်းရှားပြီး ဈေးတွေတက်နောက်ဆုံးပြည်သူတွေပဲထိမှာ။ ပိတ်ဆို ဘာစီမံမှုနဲ့ မရှိဘဲအကုန်ပိတ်၊အကုန်ဖမ်းပစ္စည်းတွေ သိမ်းသွားတယ်။ကုန်ပစ္စည်းပြတ်လပ်မှု တွေအတွက် အစီစဉ် လုပ်ထားတာမရှိဘူး။အခုဆို မဖြစ်မနေသုံးရတဲ့ သွားတိုက်ဆေးတွေ၊ဆေးဝါးတွေကအစ ဈေးကွက်ထဲ ပျက် နေပြီ”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်က အတုယောင် ရွေးကောက်ခံအစိုးရဖွဲ့ပြီးနောက် ရက်၁၀၀စီမံချက်လုပ်ကာ ရုံးဌာနတိုင်း ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။