နိုင်ငံတကာ အနောက်ဖက် ကမ်းခြေဒေသက ဒုက္ခသည် စခန်းမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေ တိုက်ပွဲပြင်းထန်နေ အစ္စရေးက ဂျီနင်ဟာ အကြမ်းဖက်သမားတွေရဲ့ ခိုအောင်းရာ နေရာ ဖြစ်လာကြောင်း စွပ်စွဲပြီး ပါလက်စတိုင်းကတော့ အစ္စရေးဟာ ဒုက္ခသည်တွေ ရှိနေတဲ့ နေရာကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ တုံ့ပြန်ထားပါတယ်။ LuduNwayOoဇူလိုင် 4, 2023
သတင်း စစ်အုပ်စုအား တကျော့ပြန်တော်လှန်တိုက်ပွဲဝင်ခဲ့သည့် ကရင်နီ ကလလတ တပ်ဖွဲ့ကို စံနမူယူရန် ချင်းတပ် CNFတိုက်တွန်း လွန်ခဲ့သည့် နှစ် ၃၀ခန့်က စစ်အစိုးရနှင့် အပစ်ရပ်စဲထားပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်ခံခဲ့သည့် ကလလတသည် ဇွန်လ ၁၃ရက် မယ်စဲ့တိုက်ပွဲ၌ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁ရက်တွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့သည်။ LuduNwayOoဇူလိုင် 4, 2023
သတင်း လိုင်ဇာအနီး နန်ဆန်ယာန်ရွာတိုက်ပွဲကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းပိတ်ထားပြီး ယာဉ်အချို့ ပိတ်မိ ဇူလိုင် ၃ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ထိုးစစ်ဆင်လာ၍ နန်ဆန်ယာန်ကျေးရွာအထွက် ဗန်းမော်နယ်ဘက်ခြမ်း၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 4, 2023
သတင်း ဝိုင်းမော်တွင် KIAနှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဖြစ်၍ နန်ဆန်ယန်ရွာခံများ စစ်ရှောင် ကချင်ဒေသခံသတင်းဌာနအချို့က နန်ဆန်ယန်ဒေသတိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီဟု ဖော်ပြသည်။ LuduNwayOoဇူလိုင် 3, 2023
သတင်း တစ်နှစ်ခွဲတာကာလအတွင်း တိုက်ပွဲ ၄၄ ကြိမ်ပါဝင်ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်မှ ၉၁ ဦး သေဆုံးခဲ့ဟု BPLA အသိပေး BPLA တပ်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို အသိပေးရာ တိုက်ပွဲအတွင်း လေးဦး ကျဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ကျန်းမာရေးကြောင့် သုံး ဦး ကျဆုံးပြီး လေးဦးဖမ်းဆီးခံရသည်ဟု သိရသည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း ဆဒုံး – ကန်ပိုက်တီ စစ်ကောင်စီတပ်နှင့် နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေဟု KIA ပြော တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပေ။ KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေများ၌ အသိပေးလေ့မရှိပေ။ LuduNwayOoဇူလိုင် 2, 2023
သတင်း ကရင်နီတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိနေဟု KNDF ဥက္ကဌ အသိပေး ဇွန်လ ၁၃ ရက်နေ့က စ၍ ရွာသစ်မြို့နှင့် မယ်စဲ့မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီက မြေပြင် တပ်ရင်း လေးခု အသုံးပြု၍ ပြန်လည်ထိုးစစ် ဆင်နေသည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း ကရင်နီတိုက်ပွဲ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ဟု စစ်ဘက်သတင်းရင်းမြစ်ပြော တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက်လေယာဉ်များကို စစ်တပ်က လက်နက်တပ်ဆင်ပြီး တိုက်ပွဲဝင် စစ်လေယာဉ်များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ဖောင်းပြင်မြို့နယ်၌ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီတပ် အထိနာဟု ထုတ်ပြန် ဖောင်းပြင်နှင့် ဟုမ္မလင်းနယ်အစပ်တွင် ဇွန်လဆန်းပိုင်းအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီက လေကြောင်း ပစ်ကူရယူတိုက်ခိုက်ခဲ့သည်ဟု ဟုမ္မလင်း PDFက ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ဘီးလင်း အလူးကလေးရွာတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိဟု KNLA တပ်မှူးပြော ယနေ့ (ဇွန်လ ၃၀ ရက်)နံနက်ပိုင်း၌ပင် ဘီးလင်းသံတံတားဂိတ်ရှိ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က ဒရုန်းဖြင့်ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့်ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က အသိပေးထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 30, 2023