Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သမင်အင်းကုန်းရွာအနီးတိုက်ပွဲ စစ်သား ၃၀ ​ကျော်​သေပြီး လက်နက် ၂၀ ​ကျော်ရရှိဟု ​တော်လှန်​ရေးအဖွဲ့​ပြော

ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က ယခုလ(သြဂုတ်)၃ ရက်တွင် ပထမအကြိမ်စစ်ကြောင်းထိုးခဲ့စဥ်ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေ၊ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-အထူးကွန်မန်ဒိုတပ်ရင်း-​တောင်ပိုင်းတိုင်း)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-အထူးကွန်မန်ဒိုတပ်ရင်း-​တောင်ပိုင်းတိုင်း)

▪︎”လက်နက်တွေကတော့ ထပ်ရနေတုန်းပါပဲ” အမှတ် (၂ )စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲ​ဘော်တင်ဦး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီး ယမန်နေ့(ဩဂုတ်လ ၉ရက်)ကတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းနိုင်ခဲ့ကြောင်းအမှတ် (၂ )စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲ​ဘော်တင်ဦးက​ အတည်ပြုပြောကြားသည်။

“လက်နက်တွေကတော့ ထပ်ရနေတုန်းပါပဲ” ဟု ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် People’s Spring မှတစ်ဆင့် အသိပေး​ပြောကြားသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ၅၈၉ ဦးဆောင်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကြောင်းနှင့်KNLA၊ PDF ပူးပေါင်းအထူးကွန်မန်ဒိုတပ်ဖွဲ့သည် သမင်အင်းကုန်းရွာအနီးတွင် သြဂုတ်( ၉ )ရက်နေ့ နေ့လယ် ၁ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Public Service Announcement
Public Service Announcement

“သမင်အင်းကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ မိမိတို့ ရိုးမစစ်ကြောင်း (၂ ) ၊တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ကျော်သေဆုံးကာ လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့ပါတယ်” ဟု တောင်ပိုင်းတိုင်းအမှတ် (၂ )စစ်ဒေသခွဲ၊ရိုးမစစ်ကြောင်း(၂) ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုရှိနေ၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ရွာအပြင်ဖက်တွင် လုံခြုံရေးယူထားစဉ် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအပြင်းထန်ဖြစ်ပွားခြင်းဟုသိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-အထူးကွန်မန်ဒိုတပ်ရင်း-​တောင်ပိုင်းတိုင်း)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-အထူးကွန်မန်ဒိုတပ်ရင်း-​တောင်ပိုင်းတိုင်း)

“အခုထိရှင်းနေတုန်းပဲ လက်နက်တွေက ထပ်ရသေးတယ်။ မနေ့က ၁၈လက်တစ်ကြိမ်ရရှိပြီး ဒီနေ့မနက် ၆လက် ထပ်မံရရှိပါတယ်။ ဆက်လက်ရှင်းလင်းနေဆဲပါ။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးရှိတယ်။ရန်သူသေဆုံးမှုက ၃၀ကျော်ရှိတယ်၊ ဒဏ်ရာတော်တော်များများရသွားတယ်၊ သူတို့အလောင်းတွေကတော့ ပြန်မကောက်သေးဘူး”ဟု လည်းဖာ်ပြထားသည်။

တောင်ပိုင်းတိုင်းအမှတ် (၂ )စစ်ဒေသခွဲ၊အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ကျော်ကြီး ဦးခေါင်း လက်နက်ငယ်ထိမှန်ကာကျဆုံးခဲ့ပြီး ရဲ​ဘော်တစ်ဦးဒဏ်ရာရခဲ့သည်ဟုသိရသည်။

“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ မနေ့(သြဂုတ် ၉)က လက်နက် ၁၈ လက်ရထားတယ်။ ဒီကနေ့မနက် ခြောက်လက်ထပ်ရတယ်။ ဆိုတော့ ရန်သူ့ထံက လက်နက် ၂၄ လက်ရထားပါတယ်”ဟု အထူးကွန် မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)မှ ရုံးထိုင်မှူးက People’s Spring သို့ ပြောသည်။

အထက်ပါတိုက်ပွဲသည် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၉ နာရီကြာဖြစ်ပွားခဲ့ပြီးဒဏ်ရာရ ရဲ​ဘော်မှာမစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ စက်လတ်တစ် လက်၊ MA 1 ရှစ်လက်၊ MA 2 တစ်လက်၊ MA3 တစ်လက်၊ MA 4 တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ ခု၊ ၆၀ မမ ဗုံးသီးတ ချို့နှင့် ကျည်ဆန်အများအပြားရရှိထားကြောင်း အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)က အသိ ပေးသည်။

အထက်ပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပိန်းဇလုပ် အခြေစိုက် ခမရ-၂၆၄ အပြင် ကျောက်တံခါးမြို့နှင့် သူဌေးကုန်းတွင် တပ်စွဲထားသော စစ်ကောင် စီတပ်များက လက်နက်ကြီးပစ်ကူပေးခြင်း၊ လေ ကြောင်းမှ နှစ်ကြိမ်လာရောက်၍ ပစ်ကူပေးခြင်းများရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ယမန်နေ့ နံနက်ပိုင်းကစပြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ဗောဓိကွင်း၊ နံဇ၊ သူ ဌေးကုန်း၊ တောင်ခင်၊ ရေတွင်းကုန်းစသည့် ကျေး ရွာအုပ်စုများမှ ပြည်သူများအနေဖြင့် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သမင်အင်းကုန်း-ကျောက်တံခါး၊ သ မင်အင်းကုန်း-သူဌေးကုန်း လမ်းများအား သွားလာခြင်းမပြုကြရန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က ယခုလ(သြဂုတ်)၃ ရက်တွင် ပထမအကြိမ်စစ်ကြောင်းထိုးခဲ့စဥ်ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေ၊ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။

▪︎မှတ်ချက်-သတင်းကို သြဂုတ် ၁၀ ရက်ည​နေ ၆ နာရီ ၇ မိနစ်တွင်ထပ်မံပြင်ဆင်ဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။