Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အသက်ပေးတိုက်ပွဲဝင်ရ၍ ပြည်သူ့ထက်ပိုမြင့်သည်ဟုအတွေးရှိပါက ခေါင်းထဲကဖယ်ထုတ်ရန် PDFများအား ကာကွယ်ရေးဝန်ကြီး မှာကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် (၂)သင်တန်းသား ရဲဘော်များသို့ ပြောကြားသည့် ကာကွယ်ရေးဝန်ကြီး၏ အမှာစကားကို ယနေ့(ဩဂုတ် ၉ရက်) ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

((ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်။ဓာတ်ပုံ - NUG)
((ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်။ဓာတ်ပုံ - NUG)

▪️ပြည်သူ့အပေါ် ရမ်းကားအနိုင်ကျင့်သည့်စုန်းပြူးများကို ဖော်ထုတ်ဖယ်ရှားပစ်ရမည်ဟု အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကသာလျှင် အသက်စွန့် တိုက်ပွဲဝင်နေရခြင်းဖြစ်၍ PDFကသာလျှင် ပြည်သူထက်ခေါင်းတစ်လုံးပိုမြင့်သည်ဆိုသည့် အတွေးအခေါ်များကို ခေါင်းထဲက ရှင်းလင်း ဖယ်ထုတ်ထားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သတိပေးပြောကြားလိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် (၂)သင်တန်းသား ရဲဘော်များသို့ ပြောကြားသည့် ကာကွယ်ရေးဝန်ကြီး၏ အမှာစကားကို ယနေ့(ဩဂုတ် ၉ရက်) ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သင်တန်းဆင်းရဲဘော်များသည် PDFတပ်ရင်းတပ်ဖွဲ့များကို ကိုယ်တိုင်ဦးဆောင်ရမည့် သူများ ဖြစ်သကဲ့သို့အရေးတော်ပုံ အောင်သည်အထိ တော်လှန်ရေးကို ပဲ့ကိုင်မောင်းနှင်ရမည့် သူများလည်းဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပြီး PDFတပ်မတော်အနေဖြင့် သင်တန်းဆင်းရဲဘော်တို့ကို အားကိုးကြောင်းလည်း အသိပေးခဲ့သည်။

“ငါတို့ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူတွေက ပုံစံအမျိုးမျိုးနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ကိုယ်နိုင်သမျှ တော်လှန်ရေးဝန်ကိုထမ်းနေကြတာ ဖြစ်တယ်။ တော်လှန်ရေးမှာ ထောက်ခံ ပါဝင်နေတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းဟာ တော်လှန်ရေးသမားတွေ ဖြစ်တယ်ဆိုတာ ငါတို့ အသိအမှတ်ပြုရမယ်။ PDF ကသာလျှင် အသက်စွန့် တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အတွက် PDF ကသာလျှင် ပြည်သူထက် ခေါင်းတစ်လုံး ပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ငါတို့ ခေါင်းထဲက ရှင်းရှင်းဖယ်ထုတ်ထားရမယ်”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

PDFများကိုင်ဆောင်ထားသည့် သေနတ်သည် ပြည်သူက ချွေးနည်းစာဖြင့် စုဆောင်းတပ်ဆင်ပေးထားခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောသည်။

“ငါတို့ စားနေတဲ့ထမင်းကလည်း ပြည်သူကျွေးထားတာပဲ ဖြစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူ အပေါ် ရမ်းကားတာ၊ ပြည်သူကို နိုင့်ထက်စီးနင်း လုပ်တာထက် စက်ဆုပ်စရာကောင်းတဲ့ အပြုအမူ ရှိမှာ မဟုတ်ဘူး။ဒီလို အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ်”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

တစ်ဖက်တွင် တိုက်ပွဲဝင်ရင်းအချိန်ရသည့်အလျောက် ပြည်သူကို အလုပ်အကျွေးပြုရန်လည်း ဝန်ကြီးက မှာကြားသည်။

“ပြည်သူရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေမှာ အချိန်ရသလို ပါဝင်ကူညီဖို့ လိုတယ်။ PDF ရဲဘော်တွေဟာ လူထုစည်းရုံးရေးမှူးတွေလည်း ဖြစ်ရမယ်။ပြည်သူရဲ့ ထောက်ခံပါဝင်မှုကြောင့်သာ ဒီကနေ့ ပြည်သူ့စစ်မဟာဗျူဟာကို ခင်းကျင်းနိုင်တာ ဖြစ်တယ်။ ဒီမဟာဗျူဟာကြောင့်ပဲ ရန်သူဟာ ထွက်ပေါက်ပိတ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး အဘက်ဘက်က ချွတ်ခြုံကျကာ အသက်ရှူကျပ်နေတာပဲ ဖြစ်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယခုကဲ့သို့ သတင်တန်းများ ဖြစ်မြောက်အောင် စီစဉ်နိုင်ရန် အစစ ၏ကူညီခဲ့သည့် မဟာမိတ်အဖွဲ့များကိုလည်း ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သည် အချိန်ကာလ(၂)နှစ်ကျော်အတွင်း၌ အခြေခံစစ်ပညာသင်တန်း၊ အကြပ်အဆင့်စစ်ပညာသင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာ၊ ထုတ်လုပ်ရေး၊ ဦးရေးထောက်၊ မဟာဗျုဟာနှင့် နည်းဗျုဟာအဆင့် သင်တန်းများကို ပို့ချနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။