Connect with us

Hi, what are you looking for?

သတင်း

အသက်ပေးတိုက်ပွဲဝင်ရ၍ ပြည်သူ့ထက်ပိုမြင့်သည်ဟုအတွေးရှိပါက ခေါင်းထဲကဖယ်ထုတ်ရန် PDFများအား ကာကွယ်ရေးဝန်ကြီး မှာကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် (၂)သင်တန်းသား ရဲဘော်များသို့ ပြောကြားသည့် ကာကွယ်ရေးဝန်ကြီး၏ အမှာစကားကို ယနေ့(ဩဂုတ် ၉ရက်) ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

((ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်။ဓာတ်ပုံ - NUG)
((ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်။ဓာတ်ပုံ - NUG)

▪️ပြည်သူ့အပေါ် ရမ်းကားအနိုင်ကျင့်သည့်စုန်းပြူးများကို ဖော်ထုတ်ဖယ်ရှားပစ်ရမည်ဟု အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကသာလျှင် အသက်စွန့် တိုက်ပွဲဝင်နေရခြင်းဖြစ်၍ PDFကသာလျှင် ပြည်သူထက်ခေါင်းတစ်လုံးပိုမြင့်သည်ဆိုသည့် အတွေးအခေါ်များကို ခေါင်းထဲက ရှင်းလင်း ဖယ်ထုတ်ထားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သတိပေးပြောကြားလိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် (၂)သင်တန်းသား ရဲဘော်များသို့ ပြောကြားသည့် ကာကွယ်ရေးဝန်ကြီး၏ အမှာစကားကို ယနေ့(ဩဂုတ် ၉ရက်) ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သင်တန်းဆင်းရဲဘော်များသည် PDFတပ်ရင်းတပ်ဖွဲ့များကို ကိုယ်တိုင်ဦးဆောင်ရမည့် သူများ ဖြစ်သကဲ့သို့အရေးတော်ပုံ အောင်သည်အထိ တော်လှန်ရေးကို ပဲ့ကိုင်မောင်းနှင်ရမည့် သူများလည်းဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပြီး PDFတပ်မတော်အနေဖြင့် သင်တန်းဆင်းရဲဘော်တို့ကို အားကိုးကြောင်းလည်း အသိပေးခဲ့သည်။

“ငါတို့ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူတွေက ပုံစံအမျိုးမျိုးနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ကိုယ်နိုင်သမျှ တော်လှန်ရေးဝန်ကိုထမ်းနေကြတာ ဖြစ်တယ်။ တော်လှန်ရေးမှာ ထောက်ခံ ပါဝင်နေတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းဟာ တော်လှန်ရေးသမားတွေ ဖြစ်တယ်ဆိုတာ ငါတို့ အသိအမှတ်ပြုရမယ်။ PDF ကသာလျှင် အသက်စွန့် တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အတွက် PDF ကသာလျှင် ပြည်သူထက် ခေါင်းတစ်လုံး ပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ငါတို့ ခေါင်းထဲက ရှင်းရှင်းဖယ်ထုတ်ထားရမယ်”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

PDFများကိုင်ဆောင်ထားသည့် သေနတ်သည် ပြည်သူက ချွေးနည်းစာဖြင့် စုဆောင်းတပ်ဆင်ပေးထားခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောသည်။

“ငါတို့ စားနေတဲ့ထမင်းကလည်း ပြည်သူကျွေးထားတာပဲ ဖြစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူ အပေါ် ရမ်းကားတာ၊ ပြည်သူကို နိုင့်ထက်စီးနင်း လုပ်တာထက် စက်ဆုပ်စရာကောင်းတဲ့ အပြုအမူ ရှိမှာ မဟုတ်ဘူး။ဒီလို အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ်”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

တစ်ဖက်တွင် တိုက်ပွဲဝင်ရင်းအချိန်ရသည့်အလျောက် ပြည်သူကို အလုပ်အကျွေးပြုရန်လည်း ဝန်ကြီးက မှာကြားသည်။

“ပြည်သူရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေမှာ အချိန်ရသလို ပါဝင်ကူညီဖို့ လိုတယ်။ PDF ရဲဘော်တွေဟာ လူထုစည်းရုံးရေးမှူးတွေလည်း ဖြစ်ရမယ်။ပြည်သူရဲ့ ထောက်ခံပါဝင်မှုကြောင့်သာ ဒီကနေ့ ပြည်သူ့စစ်မဟာဗျူဟာကို ခင်းကျင်းနိုင်တာ ဖြစ်တယ်။ ဒီမဟာဗျူဟာကြောင့်ပဲ ရန်သူဟာ ထွက်ပေါက်ပိတ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး အဘက်ဘက်က ချွတ်ခြုံကျကာ အသက်ရှူကျပ်နေတာပဲ ဖြစ်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယခုကဲ့သို့ သတင်တန်းများ ဖြစ်မြောက်အောင် စီစဉ်နိုင်ရန် အစစ ၏ကူညီခဲ့သည့် မဟာမိတ်အဖွဲ့များကိုလည်း ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သည် အချိန်ကာလ(၂)နှစ်ကျော်အတွင်း၌ အခြေခံစစ်ပညာသင်တန်း၊ အကြပ်အဆင့်စစ်ပညာသင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာ၊ ထုတ်လုပ်ရေး၊ ဦးရေးထောက်၊ မဟာဗျုဟာနှင့် နည်းဗျုဟာအဆင့် သင်တန်းများကို ပို့ချနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးတိုက်ပွဲဟာ တပတ်ဝန်းကျင်ကြာ ရပ်တန့်နေခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေပြန်စဖြစ်နေတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။