သတင်း မင်းအောင်လှိုင် သားနဲ့သမီးလက်ဝါးကြီးအုပ်ထားတဲ့ EV ကားဈေးကွက်အတွက် စစ်တပ်ကအခွန်လျှော့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။ ludunwayooဇွန် 4, 2026
သတင်း မြေရှားနဲ့ဓါတ်သတ္တုကိစ္စ မင်းအောင်လှိုင်ရဲ့ခရီးစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဆို မြေရှားသတ္တု နဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေ ထုတ်လုပ်ရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ညှိနှိုင်းသဘောတူခဲ့တယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ludunwayooဇွန် 3, 2026
သတင်း မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ အိန္ဒိယကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အမတ်တွေ ဝေဖန် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံခဲ့တဲ့ အိန္ဒိယ အစိုးရအပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ ludunwayooဇွန် 2, 2026
သတင်း ဒီမိုကရေစီဖျက်ဆီးသူစစ်ခေါင်းဆောင်ကို သမ္မတလို့ သုံးနှုန်းတဲ့ အိန္ဒိယအစိုးရအပေါ် SIF ကန့်ကွက် မင်းအောင်လှိုင်ကိုဧည့်ခံကြိုဆိုတဲ့အိန္ဒိယအစိုးရနိုင်ငံတကာမှာဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ဟု ထုတ်ပြန် ludunwayooဇွန် 1, 2026
သတင်း မင်းအောင်လှိုင်ကိုအသိအမှတ်ပြုတဲ့အိန္ဒိယအစိုးရလုပ်ရပ်ဒီမိုကရေစီနိုင်ငံကြီးမပီသဟု CNF ပြော အိန္ဒိယအစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ နိုင်ငံသို့ ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီ နိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ ludunwayooမေ 31, 2026
သတင်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် ဆန္ဒပြပွဲ ဟန့်တားခံရ မင်းအောင်လှိုင်ခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သေချာစွာပြန်လည်စဥ်းစားသင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော ludunwayooမေ 31, 2026
သတင်း စစ်ခေါင်းဆောင်ရဲ့အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက်မြန်မာတွေ ဆန္ဒပြမယ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။ ludunwayooမေ 29, 2026
သတင်း မင်းအောင်လှိုင်ရဲ့ စစ်တပိုင်းအစိုးရကို လုံး၀အသိအမှတ်မပြုဟု ရှမ်းကျောင်းသားသမဂ္ဂကြေညာ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး အစိုးရဟုသတ်မှတ်သော မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရကို လုံးဝအသိအမှတ်မပြုကြောင်း ရှမ်း(သျှမ်း)ကျောင်းသားသမဂ္ဂက ထုတ်ပြန်ကြေညာပါတယ်။ ludunwayooမေ 11, 2026
သတင်း အာဏာသိမ်းခေါင်းဆောင်တက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေးစတင် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရတဲ့အာဆီယံအဖွဲ့ရဲ့(၄၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာဒီနေ့( မေလ ၈ ရက်)မှာစတင်ကျင်းပနေပါတယ်။ ludunwayooမေ 9, 2026
သတင်း အာဆီယံထိပ်သီးညီလာခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ခွင့်မရပြန် ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာက လွဲလို့ ကျန်အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေအားလုံး တက်ရောက်ကြမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက မေလ ၆ ရက် မနေ့က အတည်ပြုခဲ့ပါတယ်။ ludunwayooမေ 8, 2026