Connect with us

Hi, what are you looking for?

သတင်း

မင်း​အောင်လှိုင်သားရဲ့စီမံကိန်းအနီးရှိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အနီးစခန်းလေဆိပ်ကို နိုင်ငံတကာအဆင့်မီ​လေဆိပ်အဖြစ်တိုးချဲ့ဆောက်လုပ်နေ

အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီးမြို့သစ်စီမံကိန်းအတွက်စစ်တပ်ကဧက ၁၀၀၀ ထပ်သိမ်း၊စီမံကိန်းနဲ့မလွတ်တဲ့အိမ်​တွေကို ဇွန် ၈ ရက်​နောက်ဆုံးထားဖယ်ခိုင်း

(အနီးစခန်း​လေဆိပ်အဝင်ဝကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ )

ဇွန်-၄၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သားဖြစ်သူရဲ့စီမံကိန်းလုပ်ကွက်အနီးက ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကို နိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ် စစ်အုပ်စုကတိုးချဲ့ဆောက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြင်ဦးလွင်မြို့ကအနီးစခန်းလေဆိပ်ကို မန္တလေးမြို့က တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်လို ဖြစ်​အောင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အမိန့်နဲ့ ဆောက်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာကို ဖေဖော်ဝါရီ နဲ့ မေလက စစ်ခေါင်းဆောင်လာပြီးနောက်ပြေးလမ်းအသစ်​တွေတိုးချဲ့ဆောက်​တာ ၊မြေနေရာချဲ့ထွင်တာတွေပါလုပ်နေပြီးဧရိယာအလွန်ကြီးမားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သတိထားမိကြတာက မြေတွေ တအားဖို့ပြီး ပြေးလမ်းအသစ်တွေအများကြီးဖြစ်လာမှ အပြင်ဘက်က နေလှမ်းမြင်ရတာ။ ဆောက်တာက တော့ကြာနေပြီ။မြို့အဝင်ကနေ အရှေ့ဘက်တက်တဲ့လမ်းအထိကျယ်တယ်။အဲဒီလမ်းအကပ်နားအထိ ပြေးလမ်းရှိတယ်။မြို့ထဲကနေလှမ်းကြည့်ရသလောက်ဆို စီမံကိန်းက တော်တော်တောင်ပြီးနေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလေဆိပ်ဟာ ယခင်က စစ်ဘက်သုံး လေဆိပ်သာဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ အဓိက အသုံးပြုခဲ့တာပါ။

အဲဒီလေဆိပ်အနီးမှာဘဲပြီးခဲ့တဲ့ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး မင်း​​အောင်လှိုင်ကိုယ်တိုင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။စီမံကိန်းကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်​ကောင်စီနဲ့ နီးစပ်သူ​တွေက​ပြောပါတယ်။

ဒါ့အပြင် အဲဒီစီမံကိန်းအတွက် မြေမလွတ်လို့ဆိုပြီး ပြည်သူတွေရဲ့ အိမ်တွေကို ဇွန်လ ၈ရက်နောက်ဆုံးထားပြီး စစ်အုပ်စုကဖျက်ခိုင်းထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို မကြာခဏလာရောက်ပြီး ဈေးတွေဖျက်ပြီး အသစ်ဆောက်ခိုင်းသလို စီမံကိန်းအသစ်တွေ လုပ်ခိုင်းတာလည်းဆက်တိုက်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook