Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးကူညီသွားမယ်လို့ တရုတ်သမ္မတပြော

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

ဇွန်-၁၆၊ ၂၀၂၆။ People’s Spring

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘေဂျင်းမြို့မှာ လက်ခံတွေ့ဆုံစဥ် အခုလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် နိုင်ငံ့အခြေအနေနဲ့ကိုက်ညီတဲ့ လမ်းကြောင်းမှန်တစ်ခု ရှာဖွေဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေကို ပေါင်းစပ်လုပ်ဆောင်ဖို့နဲ့ အများပြည်သူထောက်ခံမှုရရှိစေဖို့ အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးကူညီသွားမယ်လို့လည်း သမ္မတရှီက ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ၃ကြိမ်မြောက်သွားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်သမ္မတက ဒီနေ့ မနက်ပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့သလို တရုတ်-မြန်မာနှစ်နိုင်ငံအဆင့် ဆွေးနွေးပွဲလည်း ကျင်းပခဲ့ပါတယ်။ တဆက်တည်းမှာ သမ္မတရှီနဲ့ စစ်ခေါင်းဆောင်တို့ရှေ့မှောက်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်စာတမ်းတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ Xinhua သတင်းဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်က သယ်ယူပို့ဆောင်ရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ အခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်များစွာလက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပြီး အာဏာသိမ်းစစ်တပ်ကတော့ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ခု လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းစစ်တပ်ကို ထောက်ပံ့ဖို့ ရွေးချယ်လိုက်ပြီး ဒီခရီးစဥ်အတွင်းမှာလည်း သဘောတူညီချက်အချို့ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေတယ်လို့ ခရီးစဥ်မတိုင်မီမှာ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့ BRI(Belt and Road Initiative)စီမံကိန်းတွေကို အမြန်ဆုံးပြန်လည်စတင်လိုနေပြီး ဒီခရီးစဥ်မှာ BRI စီမံကိန်းတွေနဲ့ပတ်သက်လို့ ဘယ်လိုသဘောတူညီချက်တွေ ရရှိမလဲဆိုတာ စောင့်ကြည့်ဖို့လိုကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။

ကိုးကား- Xinhua News

(တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဘေဂျင်းမြို့မှာ ဇွန်လ ၁၆ရက် ဒီနေ့ တွေ့ဆုံစဥ်။ ဓာတ်ပုံ – Xinhua)

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

Facebook