Connect with us

Hi, what are you looking for?

သတင်း

ရုရှား-အာဆီယံထိပ်သီးညီလာခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရပြန်

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

(ရုရှား-အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ ခေါင်းဆောင်တချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရုရှားသမ္မတရုံး)

ဇွန်-၁၈၊ ၂၀၂၆။ People’s Spring

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှမ်းမိုးတဲ့ လွှတ်တော်ကနေ သူ့ကိုယ်သူသမ္မတပြန်ခန့်ပြီး နေပြည်တော်အာဏာကို ဆက်လက်ရယူခဲ့ပေမယ့် ဒေသတွင်းနိုင်ငံတွေ စုဖွဲ့ထားတဲ့ အာဆီယံရဲ့ ဖယ်ကြဥ်ထားမှုကို ခံနေရဆဲဖြစ်ကြောင်း အခုထိပ်သီးအစည်းအဝေးက သက်သေပြနေတာဖြစ်ပါတယ်။

“အာဆီယံရဲ့အသိအမှတ်ပြုမှုကို မင်းအောင်လှိုင် ဒီနှစ်ထဲရဖို့ မလွယ်သေးပါဘူး”လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ-ရုရှားဆက်ဆံရေး (၃၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇နဲ့ ၁၈ရက်တွေမှာ ကျင်းပတဲ့ အခု ထိပ်သီးညီလာခံကို အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲမှာ အင်ဒိုနီးရှားသမ္မတတစ်ဦးပဲ မတက်ရောက်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်အားလုံး တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကတော့ သမ္မတအမည်ခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်မရဘဲ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်တာ တွေ့ရပါတယ်။ အာဆီယံခေါင်းဆောင်တွေဟာ ၂၀၂၁ ဧပြီမှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းစစ်အုပ်စုက မလိုက်နာလို့ဆိုပြီး အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ အခုညီလာခံအတွင်း စွမ်းအင်လုံခြုံရေးနဲ့ ရုရှား-အာဆီယံ ဆက်ဆံရေးတိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ကုန်သွယ်ရေးမြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဟာ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်ကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂမှာ ဆန္ဒမဲပေးခဲ့ကြပြီး လွန်ခဲ့တဲ့လေးနှစ်ကျော်အတွင်း ရုရှားကို ပထမဆုံး ဆုံစည်းကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ကို သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်ကို ဖိတ်ကြားတွေ့ဆုံခဲ့ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို နိုင်ငံခြားဝန်ကြီးတွေ သွားရောက်ခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံမှုတွေဟာ ပြီးခဲ့တဲ့ ဧပြီမှာ အရပ်သားအစိုးရအမည်ခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ် ပြန်ဖွဲ့ချိန်ကစလို့ အာဆီယံဟာ နေပြည်တော်နဲ့ ပြန်လည်ထိတွေ့ဖို့ နည်းလမ်းတွေ ရှာဖွေလာတာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း သူ့အစိုးရအဖွဲ့သစ်ဟာ အာဆီယံ ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစွာပါဝင်တဲ့ ပါဝင်ပတ်သက်သူများအစည်းဝေးကို ဇန်နဝါရီက ကျင်းပခဲ့သလို ဇွန်လ ဒုတိယပတ်ကပဲ တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ တွေ့ဆုံဖို့ စီစဥ်ထားတယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook