Connect with us

Hi, what are you looking for?

အတွေးအမြင်

မင်း​​အောင်လှိုင်ကိုယ်စားမုသား​တွေ​ပြော​ပေးသူ

အာဏာသိမ်းခေါင်းဆောင်ရဲ့ အိန္ဒိယအပြန်ခရီးမှာ ဒေါက်တာခိုင်ခိုင်စိုးဆိုတဲ့အမျိုးသမီးအကြောင်း၊ဦးထုပ်အနက်ကြီးဆောင်ထားတဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင်ဦးအောင်ကိုဝင်း ဦးဆောင်တဲ့ ခရိုနီတစ်သိုက်အကြောင်းလူပြောများနေပေမယ့် သူ့တို့ထက်ပိုပြီး အာဏာရှင်ကိုကူညီ​နေသူတစ်ယောက်ကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။

(မင်း​အောင်လှိုင်နဲ့စကားပြန် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ် တို့ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့သူ့စကားပြန်တို့နဲ့အတူ​တွေ့ရစဥ်)

-ဘရန်ဆိုင်းနော်/ People’s Spring

အာဏာသိမ်းခေါင်းဆောင်ရဲ့ အိန္ဒိယအပြန်ခရီးမှာ ဒေါက်တာခိုင်ခိုင်စိုးဆိုတဲ့အမျိုးသမီးအကြောင်း၊ဦးထုပ်အနက်ကြီးဆောင်ထားတဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင်ဦးအောင်ကိုဝင်း ဦးဆောင်တဲ့ ခရိုနီတစ်သိုက်အကြောင်းလူပြောများနေပေမယ့် သူ့တို့ထက်ပိုပြီး အာဏာရှင်ကိုကူညီ​နေသူတစ်ယောက်ကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ဆိုတဲ့ ပုဂ္ဂိုလ်ပါ။

ဒေါက်တာခိုင်ခိုင်စိုးက မြန်မာလူထုကိုဦးတည်တဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးလက်နက်ငယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က အာဏာလုစစ်တပ်အာဘော်တွေကို နိုင်ငံတကာခေါင်းဆောင်တွေနားထဲ တိုင်ရိုက်သွတ်သွင်းပေးနိုင်စွမ်းရှိတဲ့ ဝါဒဖြန့်ချိရေးအနုမြူဗုံးပါပဲ။

Public Service Announcement

Public Service Announcement

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ် (DSA)ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၄ ဆင်းဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့ အထူးယုံကြည်အားကိုးခြင်းခံရတဲ့ လက်စွဲတော် Interpreter (စကားပြန်) ဖြစ်ပြီး အင်္ဂလိပ်အသံထွက် ကောင်းပါတယ်။

လူမှုဆက်ဆံရေးပါးနပ်ပြီးအာဏာသိမ်းခေါင်းဆောင်မျက်စိကျအောင် စွမ်းဆောင်နိုင်ပါတယ်။ စစ်ခေါင်းဆောင်က နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ခွင့်ရတိုင်း သူမတတ်တဲ့ အင်္ဂလိပ်စကားအတွက် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ကို အများဆုံး ခေါ်သုံးပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သွားခဲ့တဲ့နိုင်ငံခြားခရီးစဥ်တိုင်းမှာ သူ လိုက်ပါခွင့်ရခဲ့ပါတယ်။ ဒီလိုခေါ်သုံးလွန်းအား

ကြီးလို့ တပ်ချုပ်ကြီးရဲ့မျက်နှာသာပေးခံရတယ်ဆိုပြီး စစ်တပ်အသိုင်းအဝိုင်းInterpreter ကြားမှာ မျက်မုန်းကျိုးခံရသူဖြစ်ပါတယ်။

“တပ်ချုပ်ကြီးက စိုင်းစိုင်းလို့ခေါ်တာ။လူကြီးခရီးစဉ်ဆို သူပဲ။ မျက်နှာသာလည်းအပေးခံရတယ်။ မြိုးမြိုးမြက်မြက်လည်းရတတ်တယ်” လို့ စစ်တပ်အသိုင်းအဝိုင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က သူနဲ့ သူ့မိသားစုလုံခြုံရေးအန္တရာယ်ကြောင့် လူတွေအာရုံစိုက်မှာကို ရှောင်လွှဲဖို့လူမြင်ကွင်းနဲ့ ရုပ်သံကင်မရာတွေရဲ့ ကွယ်ရာမှာ သ်ိုသိုသိပ်သိပ်နေလေ့ရှိပါတယ်။ဒါပေမယ့် နိုင်ငံတကာမှာလူရာဝင်ချင်တဲ့ အပယ်ခံစစ်ဘုရင် မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံထဲကို မျက်နှာအောက်ကျို့ဝင်ပြီး လူရှေ့သူရှေ့ကို အတင်းကာရောထွက်ပြချိန်မှာတော့သူလည်း ပုန်းရှိုးကွယ်ရှိုးနေလို့မရတော့ပါဘူး။

အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ်မိုဒီ နဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကြားမှာ ဘာသာပြန်ပေးနေတဲ့ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေက ဖုံးမရ၊ဖိမရရအောင်ပေါ်လာခဲ့ပါတယ်။

မြစ်ကြီးနားမြို့က အဆင့်မြင့်တဲ့ KTV အခန်းတစ်ခုမှာ ဖျော်ဖြေရေးမိန်းကလေးတစ်သိုက်နဲ့ အပျော်ကြူးနေတဲ့စစ်တပ်အရာရှိဟောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကအဲ့ဒီဓာတ်ပုံကို လူမှုကွန်ရက်ကတဆင့်မြင်ရချိန်မှာ ဟားတိုက်ရယ်မောပြီး ဆဲရေးတိုင်းထွာတဲ့အထိ မျက်စိ စပါးမွှေးစူးခံရသူဖြစ်ပါတယ်။ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်အကြောင်း ဒီဆောင်းပါးက စစ်တပ်အရာရှိတွေနဲ့စီးပွားရေးလုပ်ငန်းရှင်အချို့ ဖျော်ဖြေရေးမယ်တွေနဲ့အတူ တောင်ယာဝင်ချိန်သီချင်းကို အတူတူဆိုခဲ့ကခဲ့ကြတဲ့ KTV ကနေ စတင်ခဲ့တာပါ။

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က စစ်ခေါင်းဆောင်အပေါ် အစဉ်တစိုက်သစ္စာခံခဲ့သူဖြစ်ပါတယ်။၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတော့နှစ်လအကြာ နေပြည်တော်မှာ CNN သတင်းဌာနက ဗိုလ်ချုပ်ဇော်မင်းထွန်းကိုအင်တာဗျူးတော့ စကားပြန်ဖြစ်လုပ်ပေးတာလည်း သူပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လူထုတော်လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေကို CNN သတင်းထောက်က မေးမြန်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေရင် ဒေါ်အောင်ဆန်းစုကြည်ကို ” မိုက်လိုက်တာငါ့သမီးရယ်”လို့ ပြောမယ်လို့ယုံကြည်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေခဲ့ဖူးပါတယ်။ ဒီအဖြေကို “How stupid my daughter” လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က CNN သတင်းဌာနကို ဘာသာပြန်ပေးခဲ့ပါတယ်။ CNN သတင်းဌာနနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ရုပ်သံအင်တာဗျူးကို YouTube မှာ ပြန်ရှာကြည့်ပါ။ မျက်နှာကိုမဖော်ပြခဲ့ဘဲ ကင်မရာကိုကျောခိုင်းထားတဲ့အနေအထားနဲ့ ဘာသာပြန်ပေးနေသူဟာ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ပါပဲ။

သူဟာ စစ်တပ်အတွက်လိမ်လည်ဝါဒဖြန့်ရင်း လူပြက်လို့ ပြည်သူတွေက ပြစ်တင်ရှုတ်ချထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကစိတ်ထင်ရာ လျှောက်ပြောနေတာကို နိုင်ငံတကာအထိပေါက်အောင် ကြားခံဝါဒဖြန့်သူ ဖြစ်သလို အင်္ဂလိပ်စာကို မီးကြိုးမောင်းပျက်တောင်မတက်တဲ့ စစ်ခေါင်းဆောင်ပြောနေသမျှကိုလည်း နိုင်ငံခေါင်းဆောင်တွေနားထဲကို သွတ်သွင်းပေးနေသူလည်းဖြစ်ပါတယ်။

တရုတ်၊ ရုရှ၊ ဘယ်လာရုလို့ အာဏာရှင်နိုင်ငံတွေအပြင် အိန္ဒိယလိုနိုင်ငံရဲ့ခေါင်းဆောင်တွေကပါ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကိုမမြင်ဘဲ စစ်တပ်ကိုထောက်ခံပေးနေတာတွေရဲ့ လက်သည်တရားခံတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်တို့လို စစ်တပ်လက်စွဲတော် Interpreter (စကားပြန်) တွေပါဝင်နေပါတယ်။

တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကိုသူဦးဆောင်လုပ်မယ်လို့ ဟစ်ကြွေးထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က Ethnic Armed Organizations (EAOs) ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သတ်တဲ့အသုံးအနှုန်းကိုတောင် အသံထွက်ရောစာလုံးပေါင်းအမှန်ပါ မပြောတတ်ပါဘူး။ အိန္ဒိယခရီးစဉ်မှာ သတင်းဌာနတစ်ခုနဲ့အင်တာဗျူးတော့ EAOs ဆိုတာကို မီးကြိုးမောင်းပျက်အသံထွက်နဲ့ ပြောသွားလို့ ငတုံးငအအဖြစ် လှောင်ပြောင်ခံနေရပြန်ပါတယ်။ ဒါပေမယ့် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ကျေးဇူးနဲ့ အိန္ဒိယအစိုးရကို လိမ်တယ်ဝါဒဖြန့်နိုင်ခဲ့ပါတယ်။

ဇော်မဲလုံးလို့လူသိများတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနေရာမှာ အာဏာရှင်ရဲ့ပြန်ကြားရေးတာဝန်ခံအနေနဲ့ လူရှေ့သူရှေ့ကိုထွက်လာတဲ့နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကတော့ အခုအချိန်မှာလူထုရဲ့မျက်မုန်းကျိုးမှုနဲ့ဆဲရေးတိုင်းထွာခံနေရပြီဖြစ်ပါတယ်။စစ်တပ်အတွက် လိမ်လည်ဝါဒဖြန့်မိတဲ့အကျိုးဆက်ကြောင့် ဇော်မဲလုံးနဲ့ယှဉ်ပြီး ဆဲဆိုခံနေရပါပြီ။ ဧရာဝတီသတင်းဌာနကဆိုရင် “နေပြည်တော်ပြောရေးဆိုခွင့်ရှိသူသစ်က ရယ်ရမလား”လို့ သရော်ထားပါတယ်။

အရင်က သက်တောင့်သက်သာနေခဲ့ပေမယ့် အခုတော့ လူတောမတိုးရဲတော့ပါဘူး။ လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သူ့မိသားစုပုံတွေကို hide လုပ်လိုက်ရပါပြီ။၅နှစ်လုံးလုံး သိုသိုသိပ်သိပ်နေခဲ့တဲ့ နောက်ကိုဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်တစ်ယောက်လည်းဒေါက်တာခိုင်ခိုင်စိုးထုံးကို နှလုံးမူရဖို့ ရှိနေပါပြီ။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...