Connect with us

Hi, what are you looking for?

သတင်း

အောင်ပြည်စုံရဲ့ကုမ္ပဏီ အဓိကလုပ်​နေတဲ့ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်းတွေ ထပ်ဖျက်ခိုင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၅ ဒီဇင်ဘာက စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ကို သွားရောက်စဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဇွန်-၁၀၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြင်စာရွာနဲ့ သုံးတောင်ကျေးရွာအနီးလုပ်မယ့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ကွက် မြေဧက ၁၀,၀၀၀ နဲ့ မလွတ်လို့ဆိုပြီး အိမ်ခြေ ၅၀ကျော်ကို ဇွန်လ ၃ရက်က စာထုတ်ကာ ဇွန်လ ၈ရက် နောက်ဆုံးဖျက်ခိုင်းခဲ့တာပါ။

အဲဒီနေအိမ်တွေဟာ ပစ္စည်းတွေသယ်ယူပြီး အကုန်မဖျက်ရသေးတဲ့ နေအိမ်တွေကို ဇွန်လ ၉ရက်က ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အကုန်ဘူဒိုဇာနဲ့ ထိုးဖျက်ပြီး အစိမ်းတွေ ကာထားတယ်။အခုက ထပ်တိုးဆိုပြီး လမ်းဘေးကဆိုင်ခန်း တွေကို ထပ်ဖျက်ခိုင်းတယ်။နေအိမ်တိုက်ကြီး ၃လုံး လောက်ပါတယ်။အများစုက ဆိုင်ခန်းတွေများတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ဒီနေ့ ထပ်ဖျက်ခိုင်းတဲ့ နေအိမ်တွေကို ဒီလ ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖျက်ခိုင်းထားတာမို့ ထပ်မံဖျက် နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်း​​အောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။ အဲဒီ စီမံကိန်းကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်​ကောင်စီနဲ့ နီးစပ်သူ​တွေက ​ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို မကြာခဏလာရောက်ပြီး ဈေးတွေဖျက်ပြီး အသစ်ဆောက်ခိုင်းသလို စီမံကိန်းအသစ်တွေ လုပ်ခိုင်းတာလည်း ဆက်တိုက်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook