နိုင်ငံတကာ ပူတင်က ယူကရိန်းနဲ့ စစ်ရပ်စဲရေး ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ရုရှားပြော ဇီလန်စကီးကတော့ ရုရှားတပ်တွေ သိမ်းယူထားတဲ့ ယူကရိန်းပိုင်နက် နယ်မြေအားလုံး ပြန်မရမချင်း သူဟာ ပူတင်နဲ့ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း တွင်တွင် ငြင်းဆိုထားပါတယ်။ LuduNwayOoမေ 27, 2024
နိုင်ငံတကာ ယူကရိန်းက စူပါမားကက် တစ်ခုကို ရုရှား လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၂ ဦးထက်မနည်း သေဆုံး ဇီလန်စကီးရဲ့ အဆိုအရ မတ်လ တစ်လတည်းမှာတင် ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ လေဟုန်စီးဗုံး အလုံးပေါင်း ၃၀၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။ LuduNwayOoမေ 26, 2024
နိုင်ငံတကာ ယူကရိန်းရဲ့ အကြီးဆုံးမြို့ကို သိမ်းယူဖို့ ကြိုးစားနေကြောင်း သတင်းတွေကို ပူတင်ငြင်းဆို တရုတ်နိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း သတင်းထောက်တွေက ရုရှားဟာ ခါကစ်ဗ်ထိ ချီတက်သိမ်းယူဖို့ အစီအစဉ် ရှိသလားလို့ မေးမြန်းချိန်မှာ ပူတင်က အခုထိတော့ အဲဒီကိစ္စကို လုံးဝ စဉ်းစားမထားဘူးလို့ ဖြေကြားသွားပါတယ်။ LuduNwayOoမေ 18, 2024
နိုင်ငံတကာ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေ ရုရှားပိုင်နက်ထဲမှာ သုံးမသုံး ယူကရိန်းကို ဆုံးဖြတ်ခွင့် ပေးမယ်လို့ ဗြိတိန်ပြော ဗြိတိန်ဟာ ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၄ ဘီလီယံနီးပါးထိ များပြားတဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ LuduNwayOoမေ 4, 2024
နိုင်ငံတကာ ရုရှားထိုးစစ်ကြောင့် ရှေ့တန်းမှာ အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ ယူကရိန်း စစ်ဦးစီးချုပ် ဝန်ခံ အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ LuduNwayOoဧပြီ 29, 2024
နိုင်ငံတကာ အမေရိကန် လျှို့ဝှက် ပေးပို့ခဲ့တဲ့ တာဝေးပစ် ဒုံးကျည်တွေကို စစ်မြေပြင်မှာ ယူကရိန်း စတင်အသုံးပြု တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။ LuduNwayOoဧပြီ 25, 2024
နိုင်ငံတကာ ယူကရိန်းအတွက် စစ်စရိတ် အလုံးအရင်း ထောက်ပံ့နိုင်ရေး အမေရိကန် လွှတ်တော် အတည်ပြုချက်ရရှိ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။ LuduNwayOoဧပြီ 21, 2024
နိုင်ငံတကာ ယူကရိန်း စစ်ပွဲတလျှောက် ရုရှားစစ်သား ၅၀၀၀၀ ကျော် သေဆုံးခဲ့ BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။ LuduNwayOoဧပြီ 18, 2024
နိုင်ငံတကာ နျူကလီးယား အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ ရုရှားနဲ့ ယူကရိန်းကို ကုလသမဂ္ဂ အေဂျင်စီ သတိပေး IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။ LuduNwayOoဧပြီ 8, 2024
နိုင်ငံတကာ ရုရှား လေတပ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး တိုက်လေယာဉ် ၆ စီးထက်မနည်း ဖျက်ဆီးခဲ့ကြောင်း ယူကရိန်း ကြွေးကြော် ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ LuduNwayOoဧပြီ 5, 2024