Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ပင်မထိုးစစ်ဒဏ်ကြောင့် အခက်ကြုံနေကြောင်း ယူကရိန်း စစ်ဦးစီးချုပ် ဝန်ခံ

ရုရှားက လက်ရှိ အဓိက ပစ်မှတ်ထား ထိုးစစ်ဆင်နေတဲ့ နယ်မြေမှာ ယူကရိန်း ခုခံရေးတပ်တွေ အကြီးအကျယ် အခက်ကြုံနေတယ်လို့ ယူကရိန်း စစ်ဦးစီးချုပ်က ဝန်ခံသွားခဲ့ပါတယ်။

လတ်တလောမှာ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက နယ်မြေတွေကို ရင်းမြစ်တွေ အများအပြား ပုံအောပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသလို ယူကရိန်းအတွက် အကြီးအကျယ် ရုန်းကန်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းဟာ ရုရှားပိုင် ကာ့စ်ခ်ဒေသထဲ တပ်တွေ စေလွှတ်ပြီး ရုရှားနယ်မြေတွေကို သိမ်းယူခဲ့ပေမယ့် ရုရှားရဲ့ ထိုးစစ်ကို အာရုံလွှဲလို့ မရသေးပါဘူး။

ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဇန္ဒာ ဆာစကီက လက်ရှိ အခြေအနေမှာ ယူကရိန်းဟာ ခံစစ်အတွက် ရုန်းကန်နေရပေမယ့် ရုရှားရဲ့ ပင်မထိုးစစ်ကို ဟန့်တားနိုင်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဆာစကီက ရုရှားဟာ လောလောဆယ် ဘယ်နေရာကို ပစ်မှတ်ထား ထိုးဖောက်နေသလဲ ဆိုတာကို တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ သူရော၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကပါ ရုရှားတပ်တွေဟာ မဟာဗျူဟာအရ အထူးအရေးပါတဲ့ ပေါ့ခ်ရော့ဗ်စ်ခ်မြို့ကို သိမ်းယူဖို့ အရှိန်မြှင့် ကြိုးစားလာနေကြောင်း အသီးသီး မှတ်ချက်ပေးခဲ့ကြဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရန်သူ့ ပင်မထိုးစစ် တဝိုက်က အခြေအနေတွေဟာ အတော်လေး ခက်ခဲနေကြောင်း၊ ဒါပေမဲ့လည်း လုပ်သင့်တာ မှန်သမျှကို ယူကရိန်းဖက်က လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက Telegramမှာ မှတ်ချက်ပေး ရေးသားထားခဲ့ပါတယ်။

ရုရှားဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စတင်တဲ့ ကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ကျယ်ပြန့်လှတဲ့ နယ်မြေတွေကို သိမ်းယူထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလောမှာ ရုရှားဟာ ယူကရိန်း အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ခါကစ်ဗ်ကိုလည်း ပိုမိုခြိမ်းခြောက်လာနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ခါကစ်ဗ်ကို ရုရှားက လေဟုန်ခွင်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာက ကစားကွင်းတစ်ခုနဲ့ လူနေတိုက်တစ်လုံးကို ထိမှန်ပြီး အနည်းဆုံး ၇ ဦးသေ၊ လူပေါင်း ၈၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။