Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း လေတပ် အကြီးအကဲ ရာထူးကနေ ရုတ်တရက် ထုတ်ပယ်ခံရ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ လေတပ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မိုင်ကိုလာ အိုလက်ခ်ချုခ်ကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ပါတယ်။

အိုလက်ခ်ချုခ်ဟာ ယူကရိန်းရဲ့ လေကြောင်း စစ်ဆင်ရေး လှုပ်ရှားမှုတွေကိုရော၊ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ခုခံတွန်းလှန်ရတဲ့ မစ်ရှင်တွေကိုပါ လေတပ် အကြီးအကဲ အနေနဲ့ အဓိက ဦးဆောင်နေခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့ပေးထားတဲ့ F-16 တိုက်လေယာဉ်တွေထဲက တစ်စီးဟာ မစ်ရှင်အတွက် ပျံသန်းရင်း ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး ၄ ရက်အကြာ ဩဂုတ် ၃၀ ရက်နေ့မှာ ဇီလန်စကီးက အိုလက်ခ်ချုခ်ကို ရုတ်တရက် ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ဇီလန်စကီးက အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းချက် မပေးခဲ့ပေမယ့် Telegramမှာတော့ နိုင်ငံရဲ့ စစ်သူရဲတွေ အားလုံးကို ကာကွယ်ဖို့ဟာ သူ့ရဲ့ တာဝန်ဖြစ်တယ်လို့ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၅ ရက်နေ့တုန်းက ရုရှားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချတဲ့ စစ်ဆင်ရေးမှာ ပါဝင်ရင်း F-16 တစ်စီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်ပျက်ကျမှုဟာ ရန်သူ့ တိုက်ခိုက်မှုနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိဘူးလို့ ယူကရိန်းက ကြေညာထားပေမယ့် ဒီကိစ္စမှာ အိုလက်ခ်ချုခ်ဟာ အဓိက တာဝန်ရှိသူလို့ နိုင်ငံရေးသမားတွေရဲ့ ပြစ်တင် စွပ်စွဲမှုကို ခံခဲ့ရပါတယ်။ ယူကရိန်းဟာ အဲဒီ အမေရိကန်လုပ် အပေါ့စား ဘက်စုံသုံး တိုက်လေယာဉ်တွေကို ဩဂုတ် လဆန်းပိုင်းကမှ ပထမဆုံးအသုတ် လက်ခံရရှိထားတာ ဖြစ်ပါတယ်။

ဇီလန်စကီးကတော့ သူဟာ အိုလက်ခ်ချုခ်ရဲ့ နေရာမှာ လူသစ် အစားထိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ယူကရိန်း စစ်တပ် အနေနဲ့ တပ်ဖွဲ့ဝင်တွေကိုရော၊ ပြည်သူတွေကိုပါ ထိရောက်တဲ့ အကာအကွယ် ပေးနိုင်ဖို့ အဆင့်အမြင့်ဆုံး အမိန့်ပေး စေခိုင်းနိုင်တဲ့ ရာထူးနေရာတွေမှာပါ ခိုင်မာ အားကောင်းဖို့ လိုတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

F-16 တိုက်လေယာဉ် ပျက်ကျပြီး သေဆုံးခဲ့တဲ့ လေယာဉ်မှူးဟာ ယူကရိန်းရဲ့ နာမည်ကျော် တိုက်လေယာဉ်မှူး ဗိုလ်မှူကြီး အိုလက်ခ်ဆီမက်စ် ဖြစ်တယ်လို့ စစ်တပ်က ကြေညာပါတယ်။ သူဟာ ပျက်ကျတဲ့ လေယာဉ်နဲ့အတူ ပါသွားပြီး အသက်မဆုံးရှုံးခင် ရုရှားရဲ့ ဒုံးကျည် ၃ စင်းနဲ့ ဒရုန်း ၁ စီးကို ပစ်ချပြီး ယူကရိန်း ပြည်သူတွေကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားသွားခဲ့ကြောင်းလည်း ယူကရိန်း စစ်တပ်က ဂုဏ်ပြု ထုတ်ပြန်သွားပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။