Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကာလတလျှောက် ရုရှားရဲ့ အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုနဲ့ ယူကရိန်း ကြုံတွေ့ခဲ့

ရုရှားဟာ စစ်ပွဲကာလတလျှောက် အကြီးကျယ်ဆုံး လေကြောင်းတိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ကြေညာခဲ့ပါတယ်။

ရုရှားဟာ စစ်ပွဲကာလတလျှောက် အကြီးကျယ်ဆုံး လေကြောင်းတိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ကြေညာခဲ့ပါတယ်။

ယူကရိန်း လေတပ်ဟာ နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို အဓိက တာဝန်ယူထားရတာ ဖြစ်ပါတယ်။ ဩဂုတ် ၂၆ ရက်နေ့တုန်းက ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်း နိုင်ငံကို ဖွဲ့စည်းထားတဲ့ ဒေသအားလုံးရဲ့ ထက်ဝက်လောက်က မြို့ရွာတွေမှာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ဒါဇင်ပေါင်း အတော်များများနဲ့ ချိန်ရွယ်ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း၊ အဲဒီ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ယူကရိန်း လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဖောက်ခွဲရေး ဒရုန်းတွေဟာ ဓာတ်အားပေး စက်ရုံတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို ထိမှန်ခဲ့ပြီး နိုင်ငံအနှံ့ ဆိုးဆိုးရွားရွား ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနေ့က ယူကရိန်း တစ်နိုင်ငံလုံးမှာ လေကြောင်း အန္တရာယ် သတိပေး ဥဩသံတွေ မြည်ဟည်းနေခဲ့ပြီး ဘေးလွတ်ရာ အကာအကွယ်တွေအောက်မှာ ခိုလှုံနေကြဖို့ အာဏာပိုင်တွေက ဆော်ဩခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြု ကြေညာခဲ့ပြီး ရည်မှန်းပစ်မှတ် အားလုံး ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ စစ်ပွဲကာလမှာ ရုရှားက အကြိမ်ကြိမ် အဖန်ဖန် သုံးစွဲလာခဲ့တဲ့ နည်းဗျူဟာ တစ်ခုလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ သန်းခေါင်ကျော်အချိန် ဩဂုတ် ၂၆ ရက် မနက်အစောပိုင်းမှာ ယူကရိန်း လေပိုင်နက်ထဲ စတင် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မနက်ပိုင်း မိုးလင်းတဲ့ထိ နောက်ထပ် ဒုံးကျည်တွေနဲ့ ဒရုန်းတွေ တဖွဲဖွဲ ရောက်ရှိလာခဲ့ပါတယ်။

ယူကရိန်း လေတပ်ရဲ့ အကြီးအကဲ မိုင်ကိုလာ အိုလက်ချ်ချက်ခ်က ရုရှားဟာ စုစုပေါင်း ဒုံးကျည် ၁၂၇ စင်းနဲ့ ဒရုန်း ၁၀၉ စီးကို ပစ်လွှတ်ခဲ့ပြီး ယူကရိန်းဖက်က ဒုံးကျည် ၁၀၂ စင်းနဲ့ ဒရုန်း ၉၉ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို အစုလိုက် တိုက်ခိုက်မှုဟာ ယူကရိန်း ကြုံဖူးသမျှ အကြီးကျယ်ဆုံး လေကြောင်းတိုက်ခိုက်မှုကြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ယူကရိန်းရဲ့ အိမ်နီးချင်းဖြစ်တဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် ပိုလန်နိုင်ငံက ရုရှားရဲ့ တိုက်ခိုက်မှု အတောအတွင်း နိုင်ငံ လေပိုင်နက်ထဲကို အရာဝတ္ထု တစ်ခုခု ဖြတ်သန်း ဝင်ရောက်ခဲ့ကြောင်း ပြောပါတယ်။ ပိုလန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ ဖြတ်သန်းခဲ့တဲ့ မြန်နှုန်းအရ ဒုံးကျည်တစ်စင်း မဟုတ်လောက်ဘဲ ဒရုန်းသာ ဖြစ်နိုင်ခြေ များတယ်လို့ မှတ်ချက် ပေးထားပါတယ်။

အရင်က ယူကရိန်းမှာ ကြုံဖူးတဲ့ ရုရှားရဲ့ ပမာဏ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဟာ မနှစ်က ဒီဇင်ဘာလမှာဖြစ်ပြီး ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၁၅၈ စင်းကို တပြိုင်တည်း ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။