Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲအတွက် အောင်ပွဲ အစီအမံကို ဘိုင်ဒန်ဆီ ယူကရိန်း သမ္မတ အဆိုပြု၊ ထရမ့်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား

ရုရှားနဲ့ စစ်ပွဲအတွက် ယူကရိန်းက အဆိုပြုလိုတဲ့ အောင်ပွဲ အစီအမံကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန် အစိုးရဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က အိမ်ဖြူတော်မှာ ဇီလန်စကီးဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ယှဉ်ပြိုင်သွားမယ့် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်တို့နဲ့ တွေ့ဆုံချိန်မှာ အဲဒီ အောင်ပွဲ အစီအမံကို တင်ပြခဲ့တာပါ။

အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပေမယ့် ဇီလန်စကီးဟာ စစ်ပွဲအတွက် အမေရိကန်ဆီက စစ်လက်နက်နဲ့ ငွေကြေး အကူအညီတွေ ဆက်လက် ရရှိရေးကို တောင်းဆိုသွားဖွယ် ရှိနေပါတယ်။

ဇီလန်စကီးက အခုတင်ပြတဲ့ အောင်ပွဲ အစီအမံဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သံတမန်ရေး နည်းလမ်းတွေအရ စစ်ပွဲရပ်ဆိုင်းတဲ့ထိ ဖိအားပေးနိုင်အောင် အထောက်အကူ ဖြစ်စေဖို့လည်း မျှော်လင့်နေပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ဟားရစ်ရဲ့ ရွေးကောက်ပွဲ ပြိုင်ဘက်၊ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကိုလည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ မူလက အဲဒီတွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အဆုံးမှာတော့ နှစ်ဖက် တွေ့ဆုံဖြစ်မယ်လို့ ဆိုပါတယ်။ ထရမ့်က သူသာ သမ္မတ ဖြစ်လာရင် ယူကရိန်းကို စစ်လက်နက်တွေ ဆက်ထောက်ပံ့မယ့်အစား ရုရှားထိန်းချုပ် နယ်မြေတွေကို စွန့်လွှတ်ဖို့ လက်ခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးအောင် တွန်းအားပေးမယ်လို့ ပြောကြားထားပါတယ်။

ဒီအတောအတွင်း ဇီလန်စကီးဟာ ဒီမိုကရက်တစ်ပါတီ ထိပ်တန်း ခေါင်းဆောင် တချို့နဲ့အတူ ဘိုင်ဒန်ရဲ့ ဇာတိမြို့ စကာတန်မှာရှိတဲ့ လက်နက်စက်ရုံ တစ်ခုဆီကို သွားရောက် လည်ပတ်ခဲ့သေးတာကြောင့် ရီပတ်ဘလစ်ကန်တွေ ဒေါသ ထွက်ခဲ့ပါသေးတယ်။

ပါတီစွဲ မရှိတဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားရာ ပင်ဆယ်လ်ဗေးနီးယားက လက်နက် စက်ရုံဆီ ဇီလန်စကီး သွားရောက်ခဲ့တာဟာ ဒီမိုကရက်တစ် ပါတီအတွက် သွယ်ဝိုက် မဲဆွယ်ပေးတဲ့ လုပ်ရပ်မျိုးလို့ ရီပတ်ဘလစ်ကန်တွေက စွပ်စွဲခဲ့ပါတယ်။ ဒီအခြေအနေဟာ ပြည်ပနိုင်ငံ ခေါင်းဆောင်တစ်ဦးက အမေရိကန် ရွေးကောက်ပွဲကို ပါဝင်ခြယ်လှယ် စွက်ဖက်တယ်လို့ စွပ်စွဲဖို့ လုံလောက်ကြောင်းလည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆန်က ပြောကြားခဲ့ပါတယ်။

အဲဒီ ခရီးစဉ်ကို စီစဉ်ပေးခဲ့တဲ့အတွက် အမေရိကန် နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးကို ရာထူးကနေ ထုတ်ပယ်ပေးဖို့လည်း သူက ယူကရိန်း အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်တွေ ဦးဆောင်နေတဲ့ အောက်လွှတ်တော် ကြီးကြပ်စောင့်ကြည့်ရေး ကော်မတီကလည်း ဇီလန်စကီးရဲ့ ပင်ဆယ်လ်ဗေးနီးယား ခရီးစဉ်ဟာ ဟားရစ်ကို ရွေးကောက်ပွဲမှာ အခြေအနေကောင်းအောင် နိုင်ငံခေါင်းဆောင် တစ်ဦးကို ဘောင်ကျော် အသုံးချမှုလို့ စွပ်စွဲခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်း ထရမ့်နဲ့ ဇီလန်စကီး တွေ့ဆုံမှုရဲ့ အလားအလာတွေကလည်း စိတ်ဝင်စားစရာတွေ ဖြစ်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းတုန်းက ထရမ့်ဟာ ရုရှားရဲ့ စစ်အင်အားကို လူသိရှင်ကြား ချီးကျူးခဲ့ပြီး သမိုင်းကြောင်းမှာ (ဆိုဗီယက်) ရုရှားဟာ အဒေါ့ဖ်ဟစ်တလာနဲ့ နပိုလီယန် ဘိုနာပတ်တို့ကို အနိုင်ယူပြခဲ့ကြောင်း၊ မျက်မှောက်ခေတ် အထိလည်း ရုရှားစစ်တပ်ဟာ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook