Hi, what are you looking for?
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။