Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမှာစစ်တပ်ရဲ့လက်နက်ကြီးကြောင့်သားအဖနှစ်ဦးဆုံးပါး

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ကျောက်ဆင်ရွာ တည်နေရာပြမြေပုံ ( ဓာတ်ပုံ - Open Street Map)

သြဂုတ် – ၂၁ ၊၂၀၂၆/People’s Spring

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သြဂုတ်လ ၁၈ ရက် ၊မနက်ပိုင်း ၁၁ နာရီခန့်ကလောင်းလုံးမြို့နယ်အခြေ စိုက်အမှတ်( ၁၀၄) ခြေမြန်တပ်ရင်းက လောင်းလုံးမြို့ရဲ့မြောက်ဘက် မှာရှိတဲ့ကျောက်ဆင်ရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလို့ ဒေသခံအချို့က ဆိုပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ရွာတိုက်ပွဲမရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ဟာရွာထဲက အိမ်ပေါ် တည့်တည့်ကျတာလို့ ဒေသခံက ပြောပါတယ်။

အဲဒီအိမ်က သေဆုံးသူသားအဖဟာအသက် ၅၀ အရွယ်နဲ့ ၃၅ နှစ်အရွယ်တွေဖြစ်ကြပါတယ်။ ဒါအပြင် ကလေးငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရလို့ဆေးကုသနေရပါတယ်။

လောင်းလုံးမြို့ဟာ ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး ထားဝယ်မြို့ပေါ်က ဆိုရင် ၁၈ မိုင်ခန့်ဝေးပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေလည်းထွက်ပြေးရတဲ့ ရွာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook