Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မှာ စစ်သင်္ဘောအုပ်စုက ချင်းတွင်းမြစ်‌ဘေးရွာကို လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

Screenshot

ဇူလိုင်-၂၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

ချင်းတွင်မြစ်ကမ်း ဘေးကျေးရွာဖြစ်တဲ့ သရောင်းစံပြကျေးရွာကိုဇူလိုင်လ ၂၆ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တာလို့ ​ဒေသခံတွေက ပြောပါတယ်။

“နွားငါးကောင်သေဆုံးတယ်။အိမ်နဲ့ နွားတင်းကုပ်တစ်ချို့ ထိတယ်။ ဒေသခံအများစုက ရှောင်နေကြလို့တော်သေးတာပါ။စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ပစ်တယ်။လေကြောင်းပါလာပစ်တာ”လို့ ဖောင်းပြင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်သင်္ဘော​တွေက​နေ လက်နက်ကြီးနဲ့ပစ်ခတ်တာ​ကြောင့် ​ဖောင်းပြင်မြို့နယ်ထဲက ​ကျေးရွာတချို့ရှိ​နေအိမ်​တွေ ထိမှန်ပြီး မီး​လောင်လို့ အခြားအိမ်​တွေ မီးမကူး​အောင် ​ဒေသခံ​တွေက ငြှိမ်းသတ်ခဲ့ရတယ်လို့ ​​​ဒေသခံအချို့က​​ပြောပါတယ်။

တိုက်ခိုက်ရေးသင်္ဘော သုံးစီးပါတဲ့ အစီး ၂၀ ကျော်ပါ သင်္ဘောအုပ်စုဟာ ဇွန်လလယ်မှာ ဟုမ္မလင်းနဲ့ ခန္တီးမြို့ကို တက်သွားပြီး အခု ပြန်ဆင်းလာတာပါ။ စစ်တပ်က ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကစစ်စခန်း​တွေထံ လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာဖြစ်ပါတယ်။

“အခု ပြန်ဆင်းလာတာ ခါလီတွေ။ ငါးစီးဆင်းလာတာ။ တချို့အစီး‌တွေ ခန္တီးမှာကျန်ခဲ့တယ်။ ဖောင်းပြင်ကနေ ဆင်းရင် မော်လိုက်၊ ကလေးဝ၊မင်းကင်းဘက် သတိထားကြရမှာပါ” လို့ ဖောင်းပြင်မြို့နယ်ထဲကတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

စစ်သင်္ဘောအုပ်စုဟာကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဆန်တက်စဉ်မှာ ဇူလိုင်လဆန်းနဲ့လလယ်အတွင်း ​တော်လှန်​ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးအပါအဝင်စစ်သား ၂၀ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန်ရသလို သင်္ဘောအချို့လည်းပျက်စီးတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင် ၁၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၅ရက်မနက်ကလည်းမော်လိုက်နဲ့ဖောင်းပြင်မြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး သင်္ဘောတစ်စီးကိုနှစ်မြုပ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

စစ်သင်္ဘောအုပ်စုဖြတ်သန်းသွားတဲ့မြို့တွေမှာ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် နေထိုင်သူတွေနဲ့ မြစ်ကြောင်းကို အသုံးပြုသွားလာလုပ်ကိုင်နေကြတဲ့ ပြည်သူတွေ လုံခြုံစိတ်ချရတဲ့နေရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ရုပ်သံ-​ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ပျက်စီးသွားတဲ့ သင်္ဘောပေါ်က စစ်သားတွေ အခြားသင်္ဘောပေါ်ပြောင်းရွှေ့၊ စစ်တပ်က သင်္ဘောပျက် ဆွဲသွားရန်ကြိုးပမ်းနေဟုဆို

Facebook