Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၇ရက်မှာ နတ်သံကွင်း အခြေစိုက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ ကျောက်ကြီးမြို့နယ် သောင်ပုရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သား သေဆုံးမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ကျောက်ကြီးမြို့နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်တာ၊ အရပ်သား တွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲပအမျှ ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်လာတဲ့ ဟန်ပြအစိုးရ အနေနဲ့ ရက် ၁၀၀ စီမံကိန်းကာလ အတွင်းမှာ ဆိုရင်လည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုတိုးပြီး လုပ်ဆောင်ခဲ့ကြောင်း KNUက အသိပေးထားပါတယ်။ ရက် ၁၀၀ စီမံကိန်းကာလဖြစ်တဲ့ ဧပြီ ၂၀ရက်ကနေ ဇူလိုင်လကုန်ပိုင်းအထိ KNU ထိန်းချုပ်နယ်မြေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ ကျော်၊ လက်နက်ကြီး တိုက်ခိုက်မှု ၁၂၀ ကျော်၊ အရုန်းနဲ့ တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်ရှိခဲ့ကြောင်း KNUက အစီရင်ခံထုတ်ပြန်ထားပါတယ်။ KNU ပြုစုထားတဲ့ စာရင်းတွေအရ ရက် ၁၀၀ စီမံကိန်းကာလအတွင်း KNU နယ်မြေက အရပ်သား ၄၄ဦး သေဆုံးကာ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။