News ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲနေသောစစ်ကောင်စီတပ်ကို PDFနှစ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ် ၅ဦးသေ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရန်ကြီးအောင်ကျေးရွာတွင် ဒေသခံများကို ပြည်သူစစ်ဖွဲ့ရန် ဖိအားပေးစည်းရုံးနေပြီး ဒေသခံများကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်အတွင်း ရှောင်တိမ်းရန်နှင့် မလိုက်နာပါက မီးရှို့မည်ဟု ခြိမ်းခြောက်နေသည်ဟုလည်း သိရသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News တိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၂၅ဦးခန့်သေဟု ဆော PDF ထုတ်ပြန် ဖေဖော်ဝါရီ ၇ရက်မှ ၁၃ရက်အထိ တစ်ပတ်အတွင်း စစ်ရေးအခြေအနေကို ဆော PDFက ထုတ်ပြန်ရာ ဖေဖော်ဝါရီ ၁၂ရက်မှ ၁၃ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ခဲ့သည့် အခြေအနေကို ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို စဥ့်ကူး PDFဝင်တိုက်၊ စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးသေ "စစ်ဘက်၊ ရဲဘက်အရာရှိနှစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရရသူ များစွာရှိသည်ဟုကြားသိရပါတယ်"ဟု စဥ့်ကူး PDFမှ ရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News ဂျပန်အဖျော်ယမကာကုမ္ပဏီKirin စစ်ကောင်စီနှင့်လမ်းခွဲပြီး မြန်မာနိုင်ငံမှထွက်ခွာတော့မည် စစ်တပ်နှင့်လက်တွဲလုပ်ကိုင်ထားသည့် ၎င်းတို့၏ လုပ်ငန်းများကို တတိယကုမ္ပဏီတစ်ခုကို ရောင်းချသွားရန်လည်း စီစဉ်နေသည်ဟုလည်း ဂျပန်ကုမ္ပဏီကဆိုသည်။ ထိုရောင်းချမှုကို ဇွန်လတွင် အပြီးသတ်ဆောင်ရွက်မည်ဟုသတင်းတွင် ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News မုံရွာနှင့်စစ်ကိုင်းတွင် ယာဥ်ထိန်းရဲကင်းနှင့်စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ ဖေဖော်ဝါရီ ၁၃ရက် နံနက်ခင်းပိုင်းကလည်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာစစ်ကောင်စီသတင်းပေးပျူစောထီး ၁၂မီး ထွန်းနိုင်ဆိုသူ သေနတ်နှင့်ပစ်သတ်ခံခဲ့ရသေးသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News ဝန်ထမ်းများ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးနှုတ်ထွက်စွန့်ခွာလာရန် ဂန့်ဂေါ(ပအဖ) ထပ်မံသတိပေး ထုတ်ပြန်ချက်တွင် ကတိဝန်ခံချက် နမူနာကိုလည်း ဖော်ပြထားသည်။အကြမ်းဖက်စစ်ကောင်စီအားစွန့်ခွာလာကြသော ဝန်ထမ်းများသည် အဆိုပါကတိဝန်ခံချက်ကို တင်ပြလာမှသာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စိစစ်ပြီး တရားဝင်ကြောင်းအသိအမှတ်ပြုမည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News မြောက်ဥက္ကလာပအဝေးပြေးရှေ့စစ်ကောင်စီ၏စစ်ကြောရေးစခန်းကို DRF က ၄၀မမဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက် အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဖေဖော်ဝါရီ ၁၃)ည ၈ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖိုးဗိုလ်ချုပ်၏ (၁၀၇)နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News မန္တလေးတွင် မြို့ပြပြောက်ကျားတပ်နှစ်ဖွဲ့ပေါင်းပြီး စစ်ကောင်စီတပ်စွဲရာ သုံးနေရာကို တိုက်ခိုက်၊ စစ်ကောင်စီတပ် လေးဦးသေ တိုက်ခိုက်မှုများကို လက်ပစ်ဗုံးများအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ၆၉ လမ်း၊ ၁၁၃ × ၁၁၄ ကြားရှိ အထကကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လေးသေတုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News စစ်ကောင်စီအတွက် အထောက်အကူဖြစ်စေမည့် မည်သည့် လုပ်ရပ်ကိုမဆို ရှောင်ကျဉ်ရန် မိုးဗြဲ PDF တိုက်တွန်း ဖယ်ခုံ PDF အနေဖြင့်လည်း ပအဖ၏ ကြေညာချက်ပါအတိုင်း ပြည်သူများ အဆင်ပြေစွာ လိုက်နာဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ၂ရက်တာကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည်သူများ ကိုယ်၌က ပူးပေါင်းပါဝင်လိုကြသည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2022
News စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုများကို ကလေး PDFထုတ်ပြန် ကလေး PDFနှင့် မဟာမိတ်တပ်များသည် ယခုလအတွင်း စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2022