Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်တွင် စစ်​ကောင်စီတပ်စွဲထား​သော စု​ပေါင်းရုံးနှင့်ရဲစခန်းကို PDF နှစ်ဖွဲ့က သုံးရက်ဆက်တိုက်ခိုက်၊ ၃၀ခန့်ထိခိုက်​သေဆုံးနိုင်ဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းကို အဝေးပစ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် သုံးရက် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃၀ဦထက်မနည်း​သေဆုံးဒဏ်ရာရရှိကြောင်း မုံရွာခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်စွဲထား​သောအ​ဆောက်အအုံ။ဓါတ်ပုံ-CAF)

မုံရွာခရိုင်တပ်ရင်း – ၂ (Chindwin Attack Force) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ယင်းမာပင်PDFအဖွဲ့ များပူးပေါင်းကာ ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ထက်မနည်း တပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းကို ဖေဖော်ဝါရီ ၁၂ရက် ည ၁နာရီဝန်းကျင်ကတစ်ကြိမ် အဝေးပစ်လက်နက်ကြီး ၅ခုဖြင့် အချက်ရေ ၄၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင်လည်း အဝေးပစ်လက်နက်ကြီး ၅ ခုဖြင့် အချက်ရေ ၃၀ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း အဆိုပါလက်နက်ကြီး ၅ ခုဖြင့်ပင် အချက်ရေ ၅၀ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဒရုန်းပျံသန်းစက်များတွင် EYC ဗုံးများတပ်ဆင်၍ ပစ်ချတိုက်ခိုက်ခဲ့သေးကြောင်း၊ လက်တလောစုံစမ်းမှုများအရ အထိအခိုက်သေဆုံးမှုများနိုင်ပြီး ၃၀ဦးထက်မနည်း​သေဆုံးထိခိုက်​ဒဏ်ရာ ရနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂)က သတင်းထုတ်ပြန်သည်။

Public Service Announcement

ဖေဖော်ဝါရီ၁၁ ရက် နံနက် ၉နာရီမိနစ်၄၀ခန့်က အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ ချိုမိုင်မိုင်တပ်ဖွဲ့၊ Regional Friend Fighters နှင့် ပြောက်ကျားရဲဘော်များ စုပေါင်း၍ စွန်ရဲစစ်ဆင်ရေးအဖြစ် သက်မှတ်ပြီး ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအနီးရှိ အောင်ဇေယျကုန်းနှင့် ရဲတပ်ရင်း(၂၈)ကြားကိုလည်းကောင်း၊ ရဲတပ်ရင်း(၂၈)အတွင်းကို လည်းကောင်း၊ ပစ်မှတ်နှစ်ခုထား၍ မိုင်းစနစ်ဖြင့်တိုက်ခိုက်ခဲ့​သေးသည်။ အောင်ဇေယျကုန်းနှင့် ရဲတပ်ရင်း(၂၈)ကြား မိုင်းခွဲတိုက်ခိုက်မှုတွင် ရဲ ၁၀ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ ရဲတပ်ရင်းဂိတ်ဝမှထွက်လာသော ရဲများကိုတိုက်ခိုက်ရာ ရဲလေးဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။