Connect with us

Hi, what are you looking for?

News

ယင်းမာပင်တွင် စစ်​ကောင်စီတပ်စွဲထား​သော စု​ပေါင်းရုံးနှင့်ရဲစခန်းကို PDF နှစ်ဖွဲ့က သုံးရက်ဆက်တိုက်ခိုက်၊ ၃၀ခန့်ထိခိုက်​သေဆုံးနိုင်ဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းကို အဝေးပစ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် သုံးရက် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃၀ဦထက်မနည်း​သေဆုံးဒဏ်ရာရရှိကြောင်း မုံရွာခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်စွဲထား​သောအ​ဆောက်အအုံ။ဓါတ်ပုံ-CAF)

မုံရွာခရိုင်တပ်ရင်း – ၂ (Chindwin Attack Force) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ယင်းမာပင်PDFအဖွဲ့ များပူးပေါင်းကာ ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ထက်မနည်း တပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းကို ဖေဖော်ဝါရီ ၁၂ရက် ည ၁နာရီဝန်းကျင်ကတစ်ကြိမ် အဝေးပစ်လက်နက်ကြီး ၅ခုဖြင့် အချက်ရေ ၄၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင်လည်း အဝေးပစ်လက်နက်ကြီး ၅ ခုဖြင့် အချက်ရေ ၃၀ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း အဆိုပါလက်နက်ကြီး ၅ ခုဖြင့်ပင် အချက်ရေ ၅၀ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဒရုန်းပျံသန်းစက်များတွင် EYC ဗုံးများတပ်ဆင်၍ ပစ်ချတိုက်ခိုက်ခဲ့သေးကြောင်း၊ လက်တလောစုံစမ်းမှုများအရ အထိအခိုက်သေဆုံးမှုများနိုင်ပြီး ၃၀ဦးထက်မနည်း​သေဆုံးထိခိုက်​ဒဏ်ရာ ရနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂)က သတင်းထုတ်ပြန်သည်။

Public Service Announcement

ဖေဖော်ဝါရီ၁၁ ရက် နံနက် ၉နာရီမိနစ်၄၀ခန့်က အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ ချိုမိုင်မိုင်တပ်ဖွဲ့၊ Regional Friend Fighters နှင့် ပြောက်ကျားရဲဘော်များ စုပေါင်း၍ စွန်ရဲစစ်ဆင်ရေးအဖြစ် သက်မှတ်ပြီး ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအနီးရှိ အောင်ဇေယျကုန်းနှင့် ရဲတပ်ရင်း(၂၈)ကြားကိုလည်းကောင်း၊ ရဲတပ်ရင်း(၂၈)အတွင်းကို လည်းကောင်း၊ ပစ်မှတ်နှစ်ခုထား၍ မိုင်းစနစ်ဖြင့်တိုက်ခိုက်ခဲ့​သေးသည်။ အောင်ဇေယျကုန်းနှင့် ရဲတပ်ရင်း(၂၈)ကြား မိုင်းခွဲတိုက်ခိုက်မှုတွင် ရဲ ၁၀ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ ရဲတပ်ရင်းဂိတ်ဝမှထွက်လာသော ရဲများကိုတိုက်ခိုက်ရာ ရဲလေးဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook