Connect with us

Hi, what are you looking for?

News

မိုးကုတ်မြို့နယ် ​ဂွေးပင်ရှိစစ်​ကောင်စီစခန်းကို PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် သေဆုံးသူများပြား

စစ်​ကောင်စီတပ်မှ ​သေဆုံးသူ ၄၀ ခန့်အထိရှိပြီး စခန်းကိုသိမ်းလုခါနီးအ​ခြေအ​နေတွင်မှ စစ်ကူများ​ရောက်လာ၍ ​PDF များက အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်များက ​ပြောသည်။

● စခန်းသိမ်းလုနီးတွင် စစ်​ကောင်စီတပ်မှ စစ်ကူများ​ရောက်လာ၍ PDF များ​အောင်မြင်စွာဆုတ်ခွာခဲ့ဟုသိရ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် မန္တလေး – မိုးကုတ်လမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့ နံနက်က တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မန္တလေး – မိုးဂုတ်လမ်း ဂွေးပင် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယ​နေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၄နာရီ ဝန်းကျင်မှ စတင် စီးနင်းတိုက်ခိုက်ခံရပြီး နံနက် ၈နာရီခွဲထိ ၄နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ခဲ့သည်။

“စခတွေဘက်က တပ်ရင်းမှူးပါ သေတယ်တဲ့။ စခန်းမီးရှို့မလို့ကိုတိုက်ပွဲချိန်ကြာပြီး စစ်ကူများသွားလို့ နောက်ဆုတ်ခဲ့ရတာတဲ့”ဟု PDFနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်မှ ​သေဆုံးသူ ၄၀ ခန့်အထိရှိပြီး စခန်းကိုသိမ်းလုခါနီးအ​ခြေအ​နေတွင်မှ စစ်ကူများ​ရောက်လာ၍ ​PDF များက အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်များက ​ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF ပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ရှမ်းမြောက်ဒေသခံက ပြောသည်။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက အဆိုပါတိုက်ပွဲပြင်းထန်၍ ဂွေးပင်ရွာခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံများကို ကိုးကားဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပါဝင်သည်ဟုသတင်းထွက်​ပေါ်​နေသော်လည်း People’s Spring က သီးခြားအတည်မပြုနိုင်ပါ။ ​ဒေသခံအချို့ကလည်း လက်နက်ကိုင်အဖွဲ့က လာ​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသာကြားပြီး မည်သည့်အဖွဲ့ ဆိုသည်ကိုမသိဟု ​ပြောသည်။

PDF နှင့်နီးစပ်​သော သတင်းရင်းမြစ်က PDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းအတည်ပြု​ ပြောကြားသည်။

ယ​နေ့တစ်ရက်တည်းတွင် မန္တ​လေးတိုင်းအတွင်း မိုးကုတ်မြို့နယ်ရှိ စစ်​ကောင်စီတပ်စခန်းတစ်ခုနှင့် နွားထိုးကြီးမြို့နယ်ရှိ တရုတ်ဓါတ်​ငွေ့ပိုက်လိုင်း​စောင့် စစ်​ကောင်စီတပ်ကို ​ဒေသခံ PDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့