Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ငြိမ်းချမ်းရေးကမ်းလှမ်းမှု လက်မခံခြင်းမှာ ကရင်ပြည်သူများအတွက် ကောင်းမွန်သည့် လုပ်ရပ်ဟု KNU တပ်မဟာ(၅) တပ်မဟာမှူးပြော

KNUသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့် ကွက်ကာ ပြည်သူနှင့်အတူ ရပ်တည်ခဲ့သည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများ၊ ပြည်သူလူထုကို အကူအညီ အကာ အကွယ် ပေးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

(KNU တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲ ဓါတ်ပုံ-KNU)

အကြပ်အတည်းဖြစ်၍ ပရိယာယ်ဖြင့် ငြိမ်းချမ်းရေးကမ်းလှမ်းလာသည့် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များက လက်မခံခဲ့ခြင်းမှာ ကရင်ပြည်သူများအတွက် ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်ဟု KNU တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက ပြောကြား သည်။

ဗိုလ်မှူးချုပ်စောမူဟဲ၏ ကရင်ဘာသာဖြင့် ပြောကြားချက်ကို မူတြော်သတင်းစဉ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ကရင်သတင်းဌာန KICက ဗမာဘာသာဖြင့်ဖော်ပြခဲ့ခြင်းဖြစ်သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၂ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ပြည်ထောင်စု နေ့အခမ်း အနားနှင့် စစ်ကောင်စီဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ KNU တက် တက်ရောက်ခြင်းမရှိခဲ့ပေ။

“ဒီငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာစစ်ကောင်စီကအခွင့်အရေး ရယူဖို့အတွက် လုပ်ဆောင်ချက်တစ်ခုသာဖြစ်ပါတယ်။အဲဒါရန်သူရဲ့ ပရိယာယ်ကိုကျွန်တော်တို့ခေါင်းဆောင်တွေက မသိရင်မှားနိုင်တယ်ပေါ့နော်။ သူတို့ မသွားကြတာ ကျွန်တော်တို့ ကရင်ပြည်သူတွေတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်စောမူဟဲက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်ကောင်စီသည် အဖက်ဖက်မှ အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်ကို အခွင့်အရေးရယူနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းချက်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့တွင် အခက်အခဲ တစ်စုံတရာမရှိပါက မည်သည့်အခါမျှ ငြိမ်းချမ်းရေးကမ်းလှမ်းလာမည်မဟုတ်ဘဲ အပြတ် ချေမှုန်းရေးကိုသာ တစိုက်မတ်မတ် လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း တပ်မဟာ(၅) တပ်မဟာမှူးက ပြောသည်။

“လက်ရှိ PDF အနေအထားက သူတို့အတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်စေတယ်ဆိုတာသူတို့သိတယ်။ အဲဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ်ရပ်စဲလိုက်မယ်ဆိုရင် PDF ကို ရှင်းလင်းမှုတွေ လုပ်ဆောင်မယ်ပေါ့။ ဒါက သူတို့ အစီအစဉ် တစ်ခုပဲ”ဟု ဗိုလ်မှူးချုပ်စောမူဟဲက ပြော သည်။

KNUသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့် ကွက်ကာ ပြည်သူနှင့်အတူ ရပ်တည်ခဲ့သည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများ၊ ပြည်သူလူထုကို အကူအညီ အကာ အကွယ် ပေးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

အကြမ်းဖက်စစ်​ကောင်စီက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို မည်သည့်ကြိုတင်ကတန့်သတ်ချက်မျှမထား​ဘဲ ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ကမ်းလှမ်းမှုဟု ၎င်းတို့ဝါဖြန်မီဒီယာများက ဝါဒဖြန့်ဖိတ်​ခေါ်ခဲ့သည်။ သို့​သော် ပြည်သူနှင့်အတူရပ်တည်ကာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်​နေ​သော KNU ၊ KIA ၊CNF ၊ KNPP ၊KA ၊ MNDAA စ​သောတိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ မတက်​ရောက်​ပေ ။တက်​ရောက်​သော အဖွဲ့ များမှာလည်း ဆုံးဖြတ်ချက်ချနိုင်သူများမဟုတ်ဘဲ ကိုယ်စားလှယ်များသာဖြစ်၍ မ​ဆွေး​နွေးရဘဲ​တွေ့ဆုံပွဲသာပြုလုပ်ခဲ့​ကြောင်းသိ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook