Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှုအ​ပေါ်မ​ထောက်ခံ​သောစီအိုင်ဒီ ဒုရဲမှူးကြီး​ဇော်ဝင်းကို စစ်​ကောင်စီဖမ်းဆီး

အင်းစိန်မြို့နယ်၊ မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး ဇော်ဝင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်သည်။

(ဓာတ်ပုံ-ယာဘက်မှ ရေတွက်လျှင်လေးယောက်မြောက် မျက်မှန်နှင့် ကင်မရာကိုကြည့်​နေ​သောရဲအရာရှိမှာ ဒုတိယရဲမှုးကြီးဇော်ဝင်းဖြစ်သည်)

● ​ဖေ့စ်ဘွတ်ခ်မှတ်ချက်တစ်ခု​ကြောင့် ဖမ်းဆီးခံရဟုသိရပြီး ၊ ဇာတ်တူသားပင်စားကာ စစ်​ကောင်စီမိုက်တွင်းနက်သထက်နက်လာဟုရဲအရာရှိအချို့ သုံးသပ်

စစ်အုပ်စုက အာဏာသိမ်းမှုအ​ပေါ် မထောက်ခံသည့်အင်းစိန်စီအိုင်ဒီမှ ဒု-ရဲမှူးကြီးတစ်ဦးကို စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီး ၊ စစ်ကောင်စီသည်ဇာတ်တူသားကိုပင်စားကာ မိုက်တွင်းအနက်ဆုံးအထိ ယုတ်မာနေပြီဖြစ်​ကြောင်းတာဝန်ထမ်းဆောင်ဆဲအဆင့်မြင့်ရဲအရာရှိကြီးအချို့က ပြောကြားလိုက်သည်။

အင်းစိန်မြို့နယ်၊ မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး ဇော်ဝင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)အထိ စစ်ဆေးခံနေရဆဲဖြစ်​ကြောင်း ရဲအရာရှိအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

“ကိုဇော်ဝင်းက အေးအေးဆေးဆေးနေတတ်တဲ့သူပါ။ တာဝန်ကိုလည်း ကျေအောင်ထမ်းဆောင်တတ်သူဖြစ်ပြီး အမည်ပျက်မရှိသူပါ။ စစ်အာဏာသိမ်းတာကို ထောက်ခံတဲ့အထဲ သူမပါဘူး။ စစ်ကောင်စီက အရပ်သားတွေကို သတ်တဲ့ သတင်းတစ်ခုအောက်မှာ ယုတ်မာတဲ့လုပ်ရပ်လို့ ဝင်ရေးလို့ အဖမ်းခံရတာလို့ ကျွန်တော်တို့ သိရတယ်။ ဒီလိုသာ စိတ်အလိုမကျတိုင်းဖမ်းနေရင် စစ်ကောင်စီက ဇာတ်တူသားစားပြီး မိုက်တွင်နက်သထက် နက်နေပြီ”ဟု တာဝန်ထမ်းဆောင်ဆဲရဲမှုးကြီးတစ်ဦးက ပြောသည်။

ဒုတိယရဲမှူးကြီး ဇော်ဝင်းကိုပုဒ်မ ၅၀၅ (က) အမှုဖွင့်ထားသည်ဟုလည်း နောက်ဆက်တွဲသတင်းကြားသိရသည်။

“ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတယ်ဆိုပြီး ဒီလောက်နဲ့ ဖမ်းရသလား။ ဒါဟာ သိပ်ဆိုးတဲ့ အာဏာရှင်စနစ်ပဲ” ဟု ဒုတိယရဲမှုးကြီးတစ်ဦးကလည်း မှတ်ချက်ပြုသည်။

ရဲအရာရှိအသိုက်အဝန်းကြားတွင် စစ်တပ်မထောက်ခံသူအများအပြားရှိနေပြီး စစ်ကောင်စီက နည်းမျိုးစုံခြိမ်းခြောက်ထားသဖြင့် CDM လုပ်မရသည့် အခြေအနေကြုံတွေ့နေရသည်ဟု ရဲတပ်ဖွဲ့ဝင်များကပြောသည်။

” ငါတို့က ကျားအမြီးကို ဆွဲမိထားပြီ။ ကျားကို ဆက်သတ်မလား။ လွှတ်လိုက်ရမလား။ လွှတ်လိုက်ရင်တော့ ငါတို့အားလုံးသေမှာ။ ဒီတော့ ကျားကို သတ်ရမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဖူးတယ်။ ပြည်သူလူထုကို ပြန်သတ်ဖို့ အဆုံးထိ တွေးထားကြတာကို သိရတဲ့အချိန်မှာ တော်တော် ထိန့်လန့်သွားရတယ်” ဟု စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲအခြေအနေများ​ကြောင့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးက ပြောသည့်စကားအပေါ် ရဲမှုးကြီးတစ်ဦးက မှတ်ချက်ပြုသည်။

ယခုအခါ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက နည်းမျိုးစုံ ထိန်းချုပ်ကိုင်တွယ်နေပြီး အလုပ်ထွက်ခွင့်လည်း လုံးဝမပေးတော့​ပေ။ ထို့အပြင်တာဝန်ဖြင့် ခရီးသွားလာရာတွင်လည်း မိသားစုဝင်များကို ဓါးစာခံကဲသို့ ခေါ်ထား​စောင့်ကြည့်ခြင်းခံ​နေရသည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောသည်။

” အသက် ၆၀ ပြည့်လို့ နားချင်လည်း အငြိမ်းစား မပေးဘူး။ တာဝန်နဲ့ ခရီးသွားရင်လည်း မိသားစုဝင်တွေကို ရဲလိုင်းခန်းကနေ အပြင်အထွက်မခံတာမျိုးအထိ လုပ်ထားတယ်”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။