စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် မုံရွာမြို့များတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ယာဥ်ထိန်းရဲကင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁၂ရက် ည၁၀နာရီဝန်းကျင်ခန့်က မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ ယာဉ်ထိန်းရဲကင်း ဗုံးဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး လက်ပစ်ဗုံးဖြင့်ပစ်ခတ် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Monywa Generation Tiger ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အလားတူ စစ်ကိုင်းမြို့တွင်လည်း ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက် )ည ၈ နာရီခွဲခန့်က ရွှေမင်းဝံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး Dragon King ပျောက်ကြားတပ်ဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဖေဖေါ်ဝါရီ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးသတိပေးရုံသာလုပ်ဆောင်ခြင်းဖြစ်သည့်အတွက် အုပ်ချုပ်ရေးမှူးရုံး အနည်းငယ်သာထိခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစက်အောင်ဖြိုးဆိုသူသည် ပြည်သူကိုဆန့်ကျင်ဘက်ပြုပြီးစစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ စစ်ကောင်စီလက်ပါးစေ ဆက်လက်လုပ်ဆောင်နေပါက ငဲ့ညှာမှူမရှိတော့ဘဲ တိုက်ခိုက်သွားမည်ဟု Dragon King ပျောက်ကြားတပ်ဖွဲ့မှ သတိပေးကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။
ဖေဖော်ဝါရီ ၁၃ရက် နံနက်ခင်းပိုင်းကလည်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာစစ်ကောင်စီသတင်းပေးပျူစောထီး ၁၂မီး ထွန်းနိုင်ဆိုသူ သေနတ်နှင့်ပစ်သတ်ခံခဲ့ရသေးသည်။


















































