Connect with us

Hi, what are you looking for?

News

ဂျပန်အ​ဖျော်ယမကာကုမ္ပဏီKirin စစ်​ကောင်စီနှင့်လမ်းခွဲပြီး မြန်မာနိုင်ငံမှထွက်ခွာ​တော့မည်

စစ်တပ်နှင့်လက်တွဲလုပ်ကိုင်ထားသည့် ၎င်းတို့၏ လုပ်ငန်းများကို တတိယကုမ္ပဏီတစ်ခုကို ရောင်းချသွားရန်လည်း စီစဉ်နေသည်ဟုလည်း ဂျပန်ကုမ္ပဏီကဆိုသည်။ ထိုရောင်းချမှုကို ဇွန်လတွင် အပြီးသတ်ဆောင်ရွက်မည်ဟုသတင်း​တွင်​ ဖော်ပြထားသည်။

အာဏာသိမ်းစစ်​ကောင်စီနှင့်လက်တွဲပြီး မြန်မာဘီယာထုတ်လုပ်နေသည့် ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin ကမြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

အကြမ်းဖက်စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် တနှစ်ကြာညှိနှိုင်းခဲ့သော်လည်း ဖြေရှင်းနိုင်သည့် အလားအလာမရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်ပတ်နေသည့်လုပ်ငန်းများ ရပ်ဆိုင်းရန် ဆုံးဖြတ် ချက်ချခဲ့ခြင်းဖြစ်သည်ဟု ဂျပန်သတင်းဌာနတစ်ခုဖြစ်​သော Nikkei Asiaတွင် ဖော်ပြထားသည်။

စစ်တပ်နှင့်လက်တွဲလုပ်ကိုင်ထားသည့် ၎င်းတို့၏ လုပ်ငန်းများကို တတိယကုမ္ပဏီတစ်ခုကို ရောင်းချသွားရန်လည်း စီစဉ်နေသည်ဟုလည်း ဂျပန်ကုမ္ပဏီကဆိုသည်။ ထိုရောင်းချမှုကို ဇွန်လတွင် အပြီးသတ်ဆောင်ရွက်မည်ဟုသတင်း​တွင်​ ဖော်ပြထားသည်။

ဂျပန်ကုမ္ပဏီသည် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းကပင် အကြမ်းဖက်စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်(MEHL)နှင့် လက်တွဲဆောင်ရွက်​နေမှုကို ရပ်တန့်ခဲ့သည်။ ဂျပန်ကုမ္ပဏီက စစ်တပ်နှင့် လမ်းခွဲပြီးနောက် မြန်မာနိုင်ငံ၏ဘီယာဈေးကွက်တွင် ဆက်လက်ထုတ်လုပ်ရန်မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် အလုပ်မဖြစ်ခဲ့ကြောင်း ဂျပန်ကုမ္ပဏီက ဆိုသည်။

Public Service Announcement

Public Service Announcement

ဂျပန် Kirinသည် အကြမ်းဖက်စစ်တပ်ပိုင် MEHL နှင့် လုပ်ငန်းရပ်ဆိုင်းရန် ခွဲဝေညှိနှိုင်းမှု မအောင်မြင်ပြီးနောက် ဒီဇင်ဘာလအစောပိုင်းတွင် စင်ကာပူနိုင်ငံတကာ အနုညာတဗဟိုဌာနသို့ ဖြေရှင်းပေးရန် တင်ပြခဲ့သည်။ သို့သော်လည်း တိုးတက်မှုမမျှော်လင့်နိုင်သောကြောင့်မြန်မာနိုင်ငံမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ကုမ္ပဏီက ထုတ်လုပ်မှုရပ်ဆိုင်းသည့် ထုတ်ကုန်များထဲတွင် မြန်မာဘီယာ၊ မန္တလေးဘီယာတို့လည်းပါဝင်သည်ဟုသိ့ရသည်။ ထိုဘီယာထုတ်လုပ်မှုများတွင် Kirin ကရှယ်ယာ ၅၁ ရာခိုင်နှုန်းအထိ ၂၀၁၇တွင်ဝယ်ယူပိုင်ဆိုင်ခဲ့သည်။

Kirin သည် စစ်တပ်အာဏာမသိမ်းမီ ကပင် စစ်တပ်နှင့်လက်တွဲထားသည့် မြန်မာ့ဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းပြီး မိတ်ဖက်အသစ်ရှာဖွေလုပ်ကိုင်ရန် စီစဥ်ခဲ့​သေးသည်။

စစ်တပ်အာဏာသိမ်းမူကြောင့် ဂျပန်နိုင်ငံ မစ်ဆူဘစ်ရှီ ကော်ပိုရေးရှင်း၏ကားအပိုပစ္စည်းထုတ်လုပ်​သော Bridgestoneကုမ္ပဏီသည် မြန်မာနိုင်ငံက ၂၀၂၁ခုနှစ်ဇွန်လတွင် ထွက်ခွာခဲ့သည်။ ထိုအပြင် ဂျပန် ကားထုတ်လုပ်​ရေးကုမ္ပဏီ Toyota ၊ ဂျပန် ငွေကြေးနှင့်လက်လီဝန်​ဆောင်မှုလုပ်ငန်း AEON စသည့် ဂျပန်ကုမ္ပဏီများလည်း မြန်မာနိုင်ငံကအသီးသီးထွက်ခွာခဲ့ ပြီး​နောက် Kirin ကုမ္ပဏီပါထွက်ခွာ​တော့မည် ဖြစ်သည်။

စစ်တပ်က ထုတ်​နေ​သောမြန်မာဘီယာအပါအဝင်ထုတ်ကုန်များမှာလည်း ပြည်သူများ ကစစ်တပ်ထုတ်ကုန်များအ​ပေါ်သပိတ်​မှောက်​​နေသဖြင့် ​ဈေးကွက်ပျက်​နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။