Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို ရေဒါရောင်းချခဲ့တဲ့ Thales ကုမ္ပဏီကို အရေးယူဖို့ ပြင်သစ်အစိုးရကို JFM တောင်း‌ဆို

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။

(၂၀၁၆ က KT/Ky-Tha ပိုင်ရှင် မိုးကျော်သောင်းနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ လက်နက်ဝယ်ယူရေးခရီးစဥ်အတွင်း ပြစ်သစ်နိုင်ငံ အီဖယ်မျှော်စင်သို့ သွားရောက်လည်ပတ်စဉ်။ ဓာတ်ပုံ - JFM)

မေ-၂၁၊၂၀၂၆။တေဇ/People’s Spring

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။

ပြင်သစ်အစိုးရက တစိတ်တပိုင်း ပိုင်ဆိုင်ထားတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီး Thales က ၂၀၁၇ ကနေ ၂၀၂၀ အတွင်း မြန်မာစစ်တပ်ဆီကို Coast Watch 100 ရေကြောင်းစောင့်ကြည့်ရေး ရေဒါ ၆ လုံး ကို ထောက်ပံ့ရောင်းချပေးခဲ့တယ်လို့ Justice For Myanmar ရဲ့ အထောက်အထားတွေကို အသုံးပြုထားတဲ့ Disclose နဲ့ Info Birmanie တို့ရဲ့ အစီရင်ခံစာမှာဖော်ထုတ်ထားတာပါ။

ဒီရေဒါ‌တွေကို ပြည်တွင်းဖိနှိပ်နှိမ်နင်းမှု‌တွေမှာ အသုံးပြုနိုင်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ကန့်သတ်ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေးပြုလုပ်ပြီးနောက်ပိုင်း Thales သည် အဆိုပါရေဒါများကို ယူရို ၁၆ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ အကျိုးအမြတ် ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။ အဆိုပါရေဒါများ၏ အဆင့်မြင့်ရေကြောင်းစောင့်ကြည့်ရေးစွမ်းရည်များကြောင့် ကမ်းရိုးတန်းဒေသများရှိ ရိုဟင်ဂျာများ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်ရာတွင် အသုံးပြုနိုင်ခြင်း၊ ရေတပ်က လှေများကို ကြားဖြတ်တားဆီးခြင်းနှင့် ရိုဟင်ဂျာအရပ်သားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ကို အထောက်အကူပြုခဲ့သည်။” လို့ JFM က ထုတ်ပြန်ထားပါတယ်။

Thales ကုမ္ပဏီနဲ့ အရောင်းအဝယ်ကိစ္စကို စစ်ကောင်စီရဲ့လက်နက်ပွဲစား ဂျိုနသန်မျိုးကျော်သောင်းမိသားစုပိုင်တဲ့ Ky-Tha Tradingက ကြားခံပွဲစားအနေနဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျော်သောင်းရဲ့ မိသားစုပိုင်ကုမ္ပဏီတွေဖြစ်တဲ့ KT Group နဲ့ Ky-Tha Groupက စစ်တပ်အတွက် လက်နယ်ဝယ်တဲ့ ကိစ္စတွေအပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း ပူးပေါင်းလုပ်ဆောင်နေတာလို့ JFMက ထောက်ပြထားပါတယ်။

ဒါကြောင့် စစ်တပ်အတွက် အခွန်ငွေတွေနဲ့ လက်နက်ဝယ်ယူမှုတွေကို တားဆီးနိုင်ဖို့ KT Group နဲ့ Ky-Tha Group အပါအဝင် ကုမ္ပဏီဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ JFMက တောင်းဆိုထားပါတယ်။

အမေရိကန်အစိုးရက ၂၀၂၂ မှာ KT Group ဥက္ကဋ္ဌ ဂျိုနသန်မျိုးကျော်သောင်းနဲ့ KT Services & Logisticsကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့‌ပေမယ့် သုံးနှစ်အကြာမှာ အဆိုပါစာရင်းကနေ ပြန်လည်ပယ်ဖျက်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအစီရင်ခံစာအရ KT Group က စစ်တပ်နဲ့ဆက်လက်ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အမေရိကန်အနေနဲ့ ဒဏ်ခတ်ပိတ်‌ဆို့မှုကို ပြန်လည်လုပ်ဆောင်သင့်ပြီး အီးယူ၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့လည်း KT Group နဲ့ Ky-Tha Groupကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ လိုအပ်‌နေတယ်လို့ JFMက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။