Connect with us

Hi, what are you looking for?

သတင်း

လမ်းကြောင်းဖြတ်တောက်ခံထားရတဲ့ တစခ(၃)ကို စစ်တပ် လေကြောင်းကရိက္ခာပို့နေရ

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

မေ-၂၀၊၂၀၂၆။ဖိုးသား/People’s Spring

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့(မေ ၂၀ရက်) နေ့လယ် ၁နာရီခွဲခန့်မှာ မြိုင်မြို့ရဲ့တောင်ဘက် (၄)မိုင်အကွာက ဒေသအခေါ် စက်မှု-၂(တစခ-၃)ကို Y8 ထောက်ပို့လေယာဉ်နဲ့ ရိက္ခာထုပ် ၃၃ထုပ် ပို့ခဲ့တာလို့ ဆိုပါတယ်။

တစခ(၃)ဟာ စစ်တပ်က အခိုင်အမာတပ်စွဲထားတဲ့ နေရာတစ်ခုဖြစ်ပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကွန်ရက်အတွက် တစိတ်တပိုင်းသက်ဆိုင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီမြိုင်စက်မှု (၂)ရဲ့ဝန်းကျင်မှာ ဝက်ပုတ်ပျူစောထီးရွာနဲ့ သရက်ကွ ပျူစောထီးရွာ အပါအဝင် ကိုင်းတောမ နယ်မြေရဲစခန်းကိုပါ နယ်မြေတပ်ပေါင်းစုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ အတွက်သူရဲ့ ပတ်ဝန်းကျင်မှာဘာမှမရှိဘူး။သူတစ်ခုတည်း ထီးထီးကြီးဖြစ်နေတယ်။စက်မှု ၂ ထဲမှာ စစ်တပ်နဲ့ ပျူ အင်အားကတော့ ခန့်မှန်းလို့ မတက်ဘူး”လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

လက်ရှိမှာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့မှုများရှိပြီး ရိက္ခာလမ်းကြောင်းဖြတ်တောက်ခံထားရတဲ့ စက်ရုံလို့ အသိပေးပါတယ်။

“အရင် ဦးသန်းရွှေ စစ်အစိုးရလက်ထက်ကတည်းက လည်ပတ် နေတဲ့စက်ရုံပေါ့။အာဏာသိမ်းပြီးနောက်ပိုင်းမှာ လည်း အရင်ရှိပြီးသားနဲ့ နောက်စစ်ကောင်စီအင်အားကို ထပ်ဖြည့်ထားတာပေါ့။လေကြောင်းကနေမကြာခဏ ရိက္ခာလာပို့တယ်”လို့ မြိုင်မြို့နယ်စစ်ရေးသတင်ရင်းမြစ်က ပြောပါတယ်။

စက်ရုံဝန်းကျင်မှာ အကြီးစားတိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိသေးပေမယ့် ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို ဒေသခံတပ်ဖွဲ့တွေ လိုက်လံပစ်ခတ်တဲ့ ပြောက်ကျားစစ်နဲ့ လမ်းကြောင်းဖြတ်တောက်မှုတွေ ကြောင့် စစ်ရေးတင်းမာမှု ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ရေးအခြေအနေတွေအရ မကွေးတိုင်းအထက်ပိုင်းက ပေါက်၊ဆောနဲ့မြစ်ခြေ ဒေသတွေမှာ စစ်တပ်ဝင်ရောက်စီးနင်းနေတာ နဲ့ လေကြောင်းဗုံးကြဲမှုတွေ ကြောင့် သတိပြုနေထိုင်ကြဖို့လည်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာထားတဲ့ မြို့နယ် ၆၀ မှာ မကွေးတိုင်းထဲက ပေါက်၊မြိုင်၊ဆော၊ထီးလင်းနဲ့ ရေစကြိုမြို့နယ် ပါဝင်နေပါတယ်။

https://www.facebook.com/reel/1647600896447272

ရုပ်သံ – အညာမြေတပ်ပေါင်းစု

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။