Connect with us

Hi, what are you looking for?

သတင်း

အင်း‌တော်အချုပ်ခန်း စစ်တပ် ဗုံးကြဲ၊ စစ်သုံ့ပန်း ၅ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။

အင်းတော်မြို့သိမ်းအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ။ ဓာတ်ပုံ - Screengrab

မေ-၂၁၊၂၀၂၆။ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။

စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာဖြစ်ပြီး သေဆုံးသူအားလုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အချုပ်ခန်းကို တမင်ကြဲတာဗျ။ တိုက်ပွဲလည်းဖြစ်နေလို့ ဘာမှ မတတ်နိုင်ဘူး”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့အတူ ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)နဲ့ ကျောင်းသားတပ်မ‌တော်(ABSDF) ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီမှာ စစ်တပ်ကမြို့ပေါ်ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် ဘေးပတ်ဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့ စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ စစ်သုံ့ပန်းထဲက တပ်ရင်းမှူးမျိုးမြင့်သူအပါအဝင် ၁၃ဦးဟာ ၂၀၂၅ အောက်တိုဘာ ၂၅ရက်က ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးစဉ် တိုက်ပွဲဖြစ်ခဲ့ပြီး သုံ့ပန်းတချို့ သေဆုံးမှုတွေရှိခဲ့ပါတယ်။

အခုလည်း စစ်တပ်က အချုပ်ခန်းနေရာကို ဗုံးကြဲတာကြောင့် စစ်သုံ့ပန်းတွေ ထပ်မံသေဆုံးကုန်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အင်းတော်မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပေမယ့် အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပါဘူး။ အင်းတော်မြို့နဲ့ မဲဇာရွာကြားမှာရှိတဲ့ ပေပင်၊ နတ်မဟုတ်ကြီးနဲ့ နတ်မဟုတ်လေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

တော်လှန်ရေးတပ်တွေက စစ်တပ်စစ်ကြောင်းရှိတဲ့နေရာတွေ လိုက်လံတိုက်ခိုက်နေပြီး စစ်ရေးဧရိယာပိုမိုကျယ်ပြန့်လာတယ်လို့ သိရပါတယ်။

ပေပင်ရွာနဲ့ နတ်မဟုတ်လေးကျေးရွာအနီးမှာ မေလ ၁၇ရက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီး ရုပ်အလောင်းနဲ့လက်နက်တွေကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်လို့ အရပ်သာထိခိုက်သေဆုံးမှုတွေလည်း ရှိနေပေမယ့် ဖုန်းလိုင်းဆက်သွယ်ရေးအခက်ခဲကြောင့် အသေးစိတ် မသိရသေးပါဘူး။

မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်းရှိနေတဲ့ တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပါတယ်။ အဲ့ဒီ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးပြုပြီးအဓမ္မစစ်မှုထမ်းခိုင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို အကာအကွယ်ပြုပြီး စစ်မျက်နှာဖွင့်နေပေမယ့် တော်လှန်ရေးတပ်တွေက တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်အင်အား အဆမတန် ပြုန်းတီးထိခိုက်နေတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။