သတင်း မြောင်နယ် ကျောက်ရစ်စခန်းမှထွက်လာသည့် စစ်အုပ်စုကို ပဒေသာမိုင်းဖြင့် တိုက်ခိုက် ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း မြင်းခြံနယ် ပျားကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်၊ စစ်ကူကားပါ မိုင်းဆွဲခံရပြီး ၁၃ဦးခန့်သေဟုဆို အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း ယင်းမာပင်တွင် စစ်အုပ်စု စစ်ကြောင်းထိုးလာ၍ ညအချိန်မတော် ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရ အဆိုပါ စစ်အုပ်စုသည် ယနေ့နံနက် ၂ နာရီခန့်တွင် စည်ဆွဲတောင်ပေါ်တက်ကာ ကင်းပုန်ချထားကြောင်း Yinmarbin Local People's Defence Force အဖွဲ့က အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း စစ်ကိုင်းမြို့နယ်ရှိ တောင်ရင်းရွာ စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၈၈၀ ကျော်ပြာကျ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးနေမှုများကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုး အရှေ့ခြမ်းနှင့်အနောက်ခြမ်း ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း မုံရွာ(နမခ)မှထွက်လာသော မိုင်းရှာစစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက် တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်ဆောင်သွားသည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း စစ်အုပ်စုက အကျဥ်းသား ၆၀၀၀ နီးပါးပြန်လွှတ်ပေးသော်လည်း နိုင်ငံရေးအကျဥ်းသား ၇၂ ဦးသာပါဝင်ဟု AAPP ထုတ်ပြန် AAPP မှ စောင့်ကြည့်လေ့လာမှတ်တမ်းအရ ယနေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသား ၇၂ ဦးကိုသာ မှတ်တမ်းပြုထားနိုင်ကြောင်း ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 18, 2022
သတင်း မြင်းမူတွင် ဘုန်းကြီးကျောင်းဝင်းအတွင်းအရက် သောက်နေသည့်စစ်အုပ်စုအား ဗုံးထုတိုက်ခိုက်ရာ လေးဦးသေဟုဆို နိုဝင်ဘာ၁၆ရက်နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ဝါစက်ဝင်း၌ ကင်ပုန်းဝပ်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ LuduNwayOoနိုဝင်ဘာ 18, 2022
သတင်း စစ်အုပ်စု၏ နိုင်ငံရေးကစားကွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပြီး အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဥ်လာရောက်မည်ဟု ကြေညာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊ LuduNwayOoနိုဝင်ဘာ 18, 2022
သတင်း မြင်းခြံတွင် စစ်အုပ်စုက ချိတ်ပိတ်နေအိမ်တစ်လုံးရှိ ပစ္စည်းများအား ခိုးယူ၊ သနပ်ခါးပင်ပါမကျန် ခုတ်ယူ သွား ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) ညက မြင်းခြံမြို့နယ်၊ငါ့နန်းရွာရှိ ၎င်းတို့ ချိတ်ပိတ်ထားပြီးဖြစ် သော ဦးစံကင်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ကဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းရှိ ပစ္စည်းများအား သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 18, 2022
သတင်း စဥ့်ကိုင်ရွာကို စစ်အုပ်စု မီးဝင်ရှို့၊ မင်းဝံတောင်ရိုးတစ်လျှောက် ရွာများမှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ ဝက်လက်နယ်နှင့်စစ်ကိုင်းနယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ်၊စဉ့်ကိုင်ရွာသို့ အင်အား၂၀၀ ခန့်ဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2022