Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၍ စစ်အုပ်စုကဂိတ်အနီးကျေးရွာများအား ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေ

ယမန်နေ့(ဒီဇင်ဘာ ၅ရက်) ငါန်းဇွန်မြို့အထွက် အနောက်ဘက်ဂိတ်ကို မြင်းခြံနှင့် ငါန်းဇွန်အခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့များက (၄၀)မမ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းမြို့နယ်ဘက်ခြမ်းသို့ ကျလာသော လက်နက်ကြီးကျည်အပိုင်းအစများ၊ ဓာတ်ပုံ - Yar Hu
စစ်ကိုင်းမြို့နယ်ဘက်ခြမ်းသို့ ကျလာသော လက်နက်ကြီးကျည်အပိုင်းအစများ၊ ဓာတ်ပုံ - Yar Hu

မန္တလေးတိုင်း ငါန်းဇွန်မြို့အထွက် စစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက ဂိတ်အနောက်ဘက် မြစ်အတွင်းရှိ ကျွန်းပေါ်ကျေးရွာများအား ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်)က ငါန်းဇွန်မြို့အနောက်ဘက် မြင်းမူမြို့ဘက်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ညနေ ၃နာရီ‌ဝန်းကျင်တွင် ငါန်းဇွန်စစ်ဆေးရေးဂိတ်က စစ်အုပ်စုသည် ဂိတ်အနောက်ဘက် ဧရာဝတီမြစ်အတွင်းကျွန်းပေါ်ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ (၆၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ဒရုန်းဖြင့် အီနာဂါကြဲချခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့သို့ ပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်‌လျှောက်ရှိ ကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အုပ်စုသည် ယနေ့(ဒီဇင်ဘာ ၆ရက်) နံနက်ပိုင်းတွင်လည်း မြစ်အတွင်း ကျွန်းပေါ်ကျေးရွာများအား ဝင်ရောက်မွှေနှောက်သွားခဲ့သည်။

“ငါန်းဇွန်စခဂိတ်ကို ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ပစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ငါန်းဇွန်ကျွန်းပေါ်ကို ဒီနေ့မနက်ပိုင်းမှာဝင်မွှေတာ။လူငယ်ပိုင်းတွေ ဘေးလွတ်ရာကိုရှောင်နေကြရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၅ရက်) ငါန်းဇွန်မြို့အထွက် အနောက်ဘက်ဂိတ်ကို မြင်းခြံနှင့် ငါန်းဇွန်အခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့များက (၄၀)မမ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook