Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု မီးရှိူ့သွားသည့် မိုင်းထိစစ်ကားပေါ်မှ ကျည်ထောင်ချီ သိမ်းဆည်းနိုင်ခဲ့ဟု မြိုင်(ပကဖ)ပြော

“စစ်ကြောင်းမှူးထိတယ်၊ သူတို့ အချင်းချင်းရန်ဖြစ်ပြီး မီးရှို့ကြတာ။ ရေနံချောင်းက ရေနံမြေရဲတွေလည်းပါတယ်။ ရဲက ၂၀ ကျော်ပါတယ်”ဟု ကိုလကျာ်က ပြောသည်။

သိမ်းဆည်းရမိသော ကျည်များ၊ ဓါတ်ပုံ-မြိုင်ပကဖ

မကွေးတိုင်း၊ မြိုင်နှင့်ပေါက်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ယာဉ် မိုင်းထိပြီးနောက် အဆိုပါကားပေါ်မှ ကျည်ဆန်ထောင်ချီ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ျာက ပြောကြားသည်။

ဒီဇင်ဘာ၂ ရက်နံနက် ၇ နာရီ ၂၈ မိနစ်ခန့်က မြိုင်နယ်နှင့် ပေါက်မြို့နယ်အစပ် တဲကြီးရွာနှင့်နယ်သတ်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားအား မီးရှို့သွားခဲ့သော စစ်ကြောင်းထံမှ အေကေ ကျည် ၂၆၂တောင့်၊ ၇.၆၂ ကျည် ၃၀၆၉တောင့်၊ (၉)မမကျည် ၅၀တောင့် ၊ရဲဝတ်စုံ ၅ စုံတို့အား ယမန်နေ့က ရှင်းလင်းရေးဆောင်ရွက် စဥ် မီးလောင်နေဆဲ ကားပေါ်မှ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလကျာ်က ပြောသည်။

“စစ်ကြောင်းမှူးထိတယ်၊ သူတို့ အချင်းချင်းရန်ဖြစ်ပြီး မီးရှို့ကြတာ။ ရေနံချောင်းက ရေနံမြေရဲတွေလည်းပါတယ်။ ရဲက ၂၀ ကျော်ပါတယ်”ဟု ကိုလကျာ်က ပြောသည်။

အဆိုပါ ယာဉ်မှာ နိုဝင်ဘာ၃၀ ရက်က ပခုက္ကူ ၊ကမ္မဘက်မှ ကျောက်ခွက်စခန်း၊ ဖလန်ကိုင်းစခန်းများသို့ ရိက္ခာပို့ရန်ထွက်လာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် နံနက် ၁ နာရီ ၄၂မိနစ်ခန့်တွင် တဲကြီးရွာနှင့် နယ်သတ်ရွာကြား၌ မိုင်းထိခဲ့သည်။

Public Service Announcement

Public Service Announcement

ကားမှာမိုင်းထိပြီးနောက် နယ်သတ်ရွာအနီးတွင် ရပ်တန့်ခဲ့ရကာ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခံရသည်။

ဒီဇင်ဘာ၂ ရက် နံနက်ပိုင်းတွင် အဆိုပါစစ်အုပ်စုအား ထပ်မံတိုက်ခိုက်ခဲ့ရာ ​စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလကျာ်က ပြောကြားသည်။

ထို့နောက်စစ်အုပ်စုသည် သေဆုံးအလောင်းများနှင့် ရိက္ခာကားကိုပါ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သ​ည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။