Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်ရှိ ထန်းဇင်ရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး

ထန်းဇင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။

(ထန်းဇင်ရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - CJ)
(ထန်းဇင်ရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - CJ)

▪️ဆားလင်းကြီး – မုံရွာ ကားလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDF သတိပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ပိုင်းရှိ ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး လူငယ်အချို့ ဖမ်းဆီးခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀ရက်)မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ထန်းဇင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူအချို့ဖမ်းဆီးခံထားရကာ အမျိုးသမီးနှင့်လူကြီးအချို့ကိုသာ ပြန်လွှတ်ပေးကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

Public Service Announcement
Public Service Announcement

“အများအပြားမီးရှို့ခံရတယ်ဗျ။ လူငယ်တချို့နဲ့ ထန်းပုရွာက ပြည်သူတစ်ဦးဖမ်းခေါ်သွားတယ်။ မိန်းခလေးနဲ့ လူကြီးတချို့ ပြန်လွှတ်လိုက်တယ်။ အခုဝင်ရောက် လာတဲ့ ​စစ်အုပ်စုရဲ့ ယူနီဖောင်းက နက်ပြာတွေလည်း အများစုဝတ်ဆင်ထားပါတယ် ။အများပြည်သူတွေ သတိထားဂရုစိုက်ပြီး သိရှိစေဖို့ပါ”ဟု မျိုးဆက်သစ် လူငယ် Local PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထန်းဇင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မြောက်ပိုင်း၊ ထန်းဇင်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်များ ဝင်ရောက်နေပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေ၍ ဆားလင်းကြီး – မုံရွာကားလမ်းမကြီးအား အရေးပေါ်သက်မှတ်၍ ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် မဖြစ်မနေသွားလာရမည့်သူများ လမ်းပိုင်းအခြေအနေစုံစမ်းပြီးမှသာ သွားလာကြရန် မြောက်ယမားအထူးတပ်ခွဲ(၁) မြန်မာချေဂွေဗားရားအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။