Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးနယ်ရှိ ထန်းဇင်ရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး

ထန်းဇင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။

(ထန်းဇင်ရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - CJ)
(ထန်းဇင်ရွာ မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - CJ)

▪️ဆားလင်းကြီး – မုံရွာ ကားလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDF သတိပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ပိုင်းရှိ ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး လူငယ်အချို့ ဖမ်းဆီးခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀ရက်)မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ထန်းဇင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူအချို့ဖမ်းဆီးခံထားရကာ အမျိုးသမီးနှင့်လူကြီးအချို့ကိုသာ ပြန်လွှတ်ပေးကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

Public Service Announcement
Public Service Announcement

“အများအပြားမီးရှို့ခံရတယ်ဗျ။ လူငယ်တချို့နဲ့ ထန်းပုရွာက ပြည်သူတစ်ဦးဖမ်းခေါ်သွားတယ်။ မိန်းခလေးနဲ့ လူကြီးတချို့ ပြန်လွှတ်လိုက်တယ်။ အခုဝင်ရောက် လာတဲ့ ​စစ်အုပ်စုရဲ့ ယူနီဖောင်းက နက်ပြာတွေလည်း အများစုဝတ်ဆင်ထားပါတယ် ။အများပြည်သူတွေ သတိထားဂရုစိုက်ပြီး သိရှိစေဖို့ပါ”ဟု မျိုးဆက်သစ် လူငယ် Local PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထန်းဇင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မြောက်ပိုင်း၊ ထန်းဇင်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်များ ဝင်ရောက်နေပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေ၍ ဆားလင်းကြီး – မုံရွာကားလမ်းမကြီးအား အရေးပေါ်သက်မှတ်၍ ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် မဖြစ်မနေသွားလာရမည့်သူများ လမ်းပိုင်းအခြေအနေစုံစမ်းပြီးမှသာ သွားလာကြရန် မြောက်ယမားအထူးတပ်ခွဲ(၁) မြန်မာချေဂွေဗားရားအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။